top of page

အလုပ်ရှာဖွေသူတွေကို သေချာဆွဲဆောင်ပေးနိုင်မည့် အလုပ်JDတစ်ခုကိုဖန်တီးခြင်း။

Updated: Aug 8, 2023

ထိရောက်တဲ့ အလုပ် JD တစ်ခုကိုရေးဆွဲတာကသင့်ကုမ္ပဏီအတွက် သင့်လျော်မှန်ကန်တဲ့ အလုပ်ခေါ်ယူမှုမှာအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ ကောင်းစွာဖန်တီးထားတဲ့ အလုပ် JDက အရည်အချင်းရှိဝန်ထမ်းတွေကိုပိုင်ဆိုင်နိုင်ရုံသာမကသင့်ကုမ္ပဏီရဲ့ တန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေရှိတဲ့ စံပြပုဂ္ဂိုလ်ကိုရှာဖွေဖို့အတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ကမှန်ကန်တဲ့အရည်အချင်းရှိဝန်ထမ်းတွေကိုဆွဲဆောင်နိုင်တဲ့ အလုပ် JD တစ်ခုကိုဖန်တီးဖို့ရာလိုအပ်တဲ့အဓိကအချက်တွေနဲ့အကောင်းဆုံးအလေ့အကျင့်တွေကိုရှာဖွေမှာဖြစ်ပါတယ်။



Work interview


1. ရှင်းလင်းပြီး ဆွဲဆောင်မှုရှိသော အလုပ်ခေါင်းစဉ်ဖြင့် စတင်ပါ- အလုပ်ခေါင်းစဉ်က ဖြစ်နိုင်ချေရှိတဲ့ အလုပ်ရှာဖွေသူတွေ ပထမဆုံးမြင်ရတဲ့ အရာဖြစ်လို့ သူလုပ်ဆောင်ရမယ့် အခန်းကဏ္ဍနဲ့ တာဝန်တွေကို တိကျစွာ ထင်ဟပ်စေသင့်ပါတယ်။ ဗန်းစကား ဒါမှမဟုတ် မရှင်းလင်းတဲ့ အသုံးအနှုန်းတွေကို အသုံးပြုခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ ယင်းအစား၊ အလွယ်တကူ နားလည်နိုင်ပြီး ရိုးရှင်းတဲ့ လုပ်ငန်းခွင်စံနှုန်းနဲ့ညီတဲ့ အလုပ်ခေါင်းစဉ်တွေကို အသုံးပြုရပါမယ်။

2. ကုမ္ပဏီ၏ အကြောင်းကိုဖော်ပြပေးပါ- သင့်ကုမ္ပဏီအကြောင်း အတိုချုံးမိတ်ဆက်ပြီး အလုပ်JD ကို စတင်ပေးရပါမယ်။ သင့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ တန်ဖိုးထားမှုတွေနဲ့ ယဉ်ကျေးမှုတစ်ခုလုံးကို ဖော်ပြပေးရပါမယ်။ ဒါက အလုပ်ရှာဖွေသူတွေအတွက် ကုမ္ပဏီရဲ့အထောက်အထားကို နားလည်စေပြီး သူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးတွေနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပန်းတိုင်တွေ ကိုက်ညီမှုရှိမရှိ အကဲဖြတ်နိုင်အောင် ကူညီပေးပါတယ်။

3. အလုပ်တာဝန်များကို အကျဉ်းချုပ်ဖော်ပြပါ- လုပ်ဆောင်ရမယ့် အဓိကတာဝန်ကို ရှင်းလင်းစွာ စာရင်းပြုစုဖော်ပြပေးရပါမယ်။ ယေဘုယျဖော်ပြချက်တွေကို ရှောင်ကြဉ်ပြီး တိကျသေချာစွာဖော်ပြရပါမယ်။ ။ ဒီအပိုင်းကနေ အလုပ်ရှာဖွေသူတွေက သူတို့မျှော်လင့်ထားတဲ့အရာကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်စေပြီး လိုအပ်သောကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။

4. အရည်အချင်းများနှင့် လိုအပ်ချက်များကို သတ်မှတ်ပါ- အလုပ်အတွက် လိုအပ်တဲ့ မရှိမဖြစ် အရည်အချင်း၊ အတွေ့အကြုံတွေကို အကြမ်းဖျင်းဖော်ပြပေးရပါမယ်။ ပညာရေးဆိုင်ရာလိုအပ်ချက်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေ၊ အတွေ့အကြုံနှစ်တွေနဲ့ အထူးပြုကျွမ်းကျင်မှု ဒါမှမဟုတ် ဆော့ဖ်ဝဲလ်အသိပညာ လိုအပ်တဲ့အရာတွေ ပါဝင်ပါတယ်။ ဒါ့အပြင်၊ အလုပ်ရှာဖွေသူတွေ အလုပ်ရဖို့အတွက် အရေးကြီးတဲ့ အရည်အချင်းတွေကို နားလည်နိုင်စေရန်အတွက် "မဖြစ်မနေရှိရမည်" နဲ့ "ရှိလျှင်ကောင်းမည်" လို့အရည်အချင်းတွေအကြား ခွဲခြားသတ်မှတ်ပေးရပါမယ်။

5. တိုးတက်မှုအခွင့်အလမ်းတွေကို မီးမောင်းထိုးပြပါ- ထိပ်တန်းအလုပ်ရှာဖွေသူတွေက တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာပေးတဲ့ကုမ္ပဏီတွေကို ရှာဖွေလေ့ရှိပါတယ်။ အလားအလာရှိတဲ့ အသက်မွေးဝမ်းကြောင်းတွေ၊ လေ့ကျင့်ရေးအခွင့်အလမ်းတွေနဲ့အနာဂတ်မှာ နောက်ထပ်တာဝန်တွေယူဖို့ အခွင့်အလမ်းတွေကို ဖော်ပြပေးရပါမယ်။ ဒါမှ သင့်ကုမ္ပဏီက ဝန်ထမ်းတိုးတက်မှုကို တန်ဖိုးထားပြီး ဝန်ထမ်းတွေအပေါ်ကို ရင်းနှီးမြှုပ်နှံထားကြောင်း သက်သေပြနိုင်မှာဖြစ်ပါတယ်။



Getting hired

6. ကုမ္ပဏီအကျိုးခံစားခွင့်များကိုထည့်သွင်းခြင်း - အလုပ်ရှာဖွေသူတွေကို ဆွဲဆောင်ဖို့အတွက် သင့်ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေနဲ့ အချက်အလက်တွေကို ပေါင်းစပ်ထည့်သွင်းပေးရပါမယ်။ ယှဉ်ပြိုင်နိုင်တဲ့လစာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကျိုးခံစားခွင့်တွေ၊ လိုက်လျောညီထွေရှိတဲ့ အလုပ်အစီအမံတွေ၊ အားလပ်ချိန်တွေနဲ့ အခြားထူးခြားတဲ့အကျိုးခံစားခွင့်တွေက သင့်ကုမ္ပဏီရဲ့ ကမ်းလှမ်းထားတဲ့ အလုပ်လျှောက်လွှာတင်တာကို ထင်ရှားစေပါတယ်။

7. ကုမ္ပဏီယဉ်ကျေးမှုကို ပြသပါ- သင့်ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ အလုပ်ပတ်ဝန်းကျင်တွင် ထိုးထွင်းသိမြင်နိုင်အောင် မျှဝေပေးရပါမယ်။ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှု၊ နဲ့ အလုပ်-ဘဝ ဟန်ချက်ညီမှုလို အရာတွေကို အလေးပေးဖော်ပြရပါမယ်။ သင့်ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေရှိတဲ့ အလုပ်ရှာဖွေသူတွေက ပိုမို ကြာရှည်စွာ နေထိုင်နိုင်ခြေ ပိုများပါတယ်။

8. အလုပ်လျှောက်ရန် Call to Action တစ်ခု ပါဝင်ပါ- စိတ်ပါဝင်စားသူ လျှောက်ထားသူတွေတွေအတွက် ရှင်းလင်းပြတ်သားပြီး ဆွဲဆောင်မှုရှိတဲ့ Call to Action တစ်ခု နဲ့ လျှောက်ထားဖို့ တိုက်တွန်းပေးရပါမယ်။ ကိုယ်ရေးရာဇဝင်၊ မျက်နှာဖုံးစာ၊ ဒါမှမဟုတ် အားလုံးကိုစုစည်းပြီး လျှောက်လွှာတင်နိုင်အောင် လျှောက်ထားနည်း ညွှန်ကြားချက်တွေကို ပေးပြီး လျှောက်လွှာတွေအတွက် နောက်ဆုံးရက်ကို သတ်မှတ်ပေးရပါမယ်။ ဒါ့အပြင်၊ မေးခွန်းတွေ ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုတွေကို လုပ်နိုင်အောင် ဆက်သွယ်ရမဲ့ အချက်အလက်တွေကိုထည့်ပေးရပါမယ်။

9.ဖုန်းအသုံးပြု လျှောက်ထားနိုင်အောင် ပြုလုပ်ပေးပါ- လျှောက်ထားသူအများအပြားက သူတို့ရဲ့စမတ်ဖုန်းတွေကိုအသုံးပြုပြီး အလုပ်အကိုင်ရှာဖွေလျှောက်ထားနိုင်တာမို့လို့ သင့်အလုပ်ဖော်ပြချက်တွေက မိုဘိုင်းအတွက် အဆင်ပြေရပါမယ်။ အသုံးပြုရလွယ်ကူတဲ့ပုံစံနဲ့ အလုပ်လျှောက်သူတွေအတွက် လွယ်ကူစွာဝင်ရောက်ကြည့်ရှုနိုင်ပြီး လျှောက်နိုင်မှာဖြစ်လို့ လျှောက်လွှာအရေအတွက်လည်းတိုးစေနိုင်ပါတယ်။

10. ပြန်လည်သုံးသပ်ပြီး တည်းဖြတ်ပါ- အလုပ်ဖော်ပြချက်ကို မတင်မီ ရှင်းလင်းပြတ်သားမှု၊ တိကျမှုနဲ့ ကိုက်ညီမှုရှိဖို့ ပြန်လည်သုံးသပ်ပြီး တည်းဖြတ်ရပါမယ်။ စာလုံးပေါင်း ဒါမှမဟုတ် သဒ္ဒါအမှားတွေကို ရှောင်ကြဉ်ရပါမယ်။



Creating effective job description.

11. Inclusive Language ကိုအသုံးပြုပါ- အလုပ်လျှောက်မယ့်သူတွေကို ဆွဲဆောင်နိုင်ဖို့ သင့်အလုပ်ဖော်ပြချက်မှာ ကို အသုံးပြုပေးရပါမယ်။ ကျား-မ ဘက်လိုက်တဲ့ ဘာသာစကားကို ရှောင်ကြဉ်ပြီး လူတိုင်းလျှောက်ထားဖို့ ကြိုဆိုကြောင်းပြောဖို့အတွက် ကြားနေအသုံးအနှုန်းများကို အသုံးပြုရန် စဉ်းစားပေးရပါမယ်။

12. SEO Optimization- ရှာဖွေရေးအင်ဂျင်များအတွက် သင့်အလုပ်ဖော်ပြချက်ကို အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးရပါမယ်။ အွန်လိုင်းရှာဖွေမှုတွေမှာ သင့်အလုပ်တင်ခြင်း၏မြင်နိုင်စွမ်းကိုတိုးမြင့်လာစေဖို့အတွက် ရာထူးနဲ့ ဆက်စပ်သောသက်ဆိုင်ရာစကားလုံးတွေကို အသုံးပြူပေးရပါမယ်။

13. ရာထူးတစ်ခုစီအတွက် ဖော်ပြချက်ကို ပုံဖော်ပါ- ကုမ္ပဏီ၏ အကြောင်းအရာနဲ့ အကျိုးခံစားခွင့်တွေလို ကဏ္ဍအချို့က အလုပ်တင်ခြင်းတွေမှာ တသမတ်တည်းရှိနေပေမဲ့ ရာထူးတစ်ခုစီအတွက် သီးခြားအလုပ်တာဝန်နဲ့ အရည်အချင်းတွေကိုတော့ စိတ်ကြိုက်ပြင်ဆင်ပေးရပါမယ်။ ဖော်ပြချက်ကို အလုပ်တာဝန်နဲ့ ကိုက်ညီအောင် ပြင်ဆင်တာက မှန်ကန်တဲ့ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိတဲ့ အလုပ်ရှာဖွေသူတွေကို ဆွဲဆောင်နိုင်စေပါတယ်။

သင့်ကုမ္ပဏီရဲ့ လိုအပ်ချက်တွေနဲ့ တန်ဖိုးတွေကို ထိထိရောက်ရောက် ဆက်သွယ်ပေးတဲ့ အလုပ် JD တစ်ခု ဖန်တီးတာက သင့်အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ ဝန်ထမ်းတွေကိုဆွဲဆောင်နိုင်စေမှာဖြစ်ပါတယ်။ အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတာ၊ လိုအပ်တဲ့ အရည်အချင်းတွေကို အကြမ်းဖျင်းဖော်ပြတာတွေနဲ့ သင့်ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ အကျိုးကျေးဇူးတွေကို ပြသတာတွေက၊ အလုပ်ရှာသူတွေကို ဝန်ထမ်းဖြစ်လာစေအောင် တွန်းအားပေးနိုင်ပါတယ်။ စိတ်ဝင်စားသူလျှောက်ထားသူတွေအတွက် လျှောက်လွှာလုပ်ငန်းစဉ်ကို ချောမွေ့စေဖို့ ဖော်ပြချက်တွေကို တိုတိုတုတ်တုတ်၊ ဆွဲဆောင်မှုရှိပြီး အသုံးပြုရအဆင်ပြေတဲ့ နည်းလမ်းတွေကိုအသုံးချသင့်လို့ ဒီနေ့ပေးတဲ့နည်းလမ်းကိုသုံးပြီး JD ကောင်းတစ်ခု ဖန်တီးကြည့်လိုက်ပါ။

18 views0 comments
bottom of page