top of page

ထုတ်ကုန်အင်္ဂါရပ်များ

လစာရှင်းတမ်း

slanted-bg-purple-new-reverse.png

အလုံးစုံပေါင်းစည်းထားသော ဝန်ထမ်းလစာစာရင်း ဆော့ဖ်ဝဲ

ကျွန်ပ်တို့၏ အပြည့်အဝအလုံးစုံပေါင်းစည်းထားပြီး သွင်ပြင်လက္ခဏာစုံလင်သော ဝန်ထမ်းလစာ စာရင်း ဆော့ဖ်ဝဲသည် ဝန်ထမ်းလစာစာရင်းပြုစုခြင်းကို အခက်အခဲမရှိပြုလုပ်စေနိုင်ပါသည်။

MicrosoftTeams-image-(35).png

အပြည့်အဝလိုက်လျောညီထွေ

ဥပဒေပြဌာန်းချက်များ အတိုင်း လူမှုဖူလုံရေးဖိုင်များ အလွယ်တကူ ပြုစုနိုင်ပြီး စာရင်းတင်နိုင်သည်။

လွယ်ကူစွာဖြင့် ဘဏ်ဖိုင်များကို ပြုစုနိုင်သည်။

ဝန်ထမ်းများကို အရှုပ်အထွေးကင်းသော လစာပေးချေမှုများ ပြုလုပ်နိုင်ရန် အလွယ်တကူတင်သွင်းရန်အသင့် ဘဏ်ဖိုင်များကို ပြုစုနိုင်သည်။

အကြားအလပ်မရှိပေါင်းစည်းခြင်း

ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းများအားလုံးအတွင်း အကြားအလပ်မရှိ ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် လက်ဖြင့် ‌‌ဒေတာထည့်သွင်းရခြင်းအပေါ်သင်နောက်ထပ်စိတ်ပူရန်မလိုတော့ပါ။

စာရင်းအင်းနှင့်ချိတ်ဆက်ခြင်း

Xero, QuickBooks Online သို့မဟုတ် Oracle NetSuite တို့ကဲ့သို့သောကျွန်ုပ်တို့၏ စာရင်းအင်း app လုပ်ငန်းမိတ်ဖက်များကို သင်၏ဝန်ထမ်းလစာစာရင်းဒေတာများနှင့်ချိတ်ဆက်နိုင်သည်။

အမြဲမပြတ်လိုက်နာမှုရှိခြင်း

ကျွနိုပ်တို့သည် အစိုးရပြဌာန်းချက်များနှင့် အညီ ထည့်သွင်းထားသော ဆောင်ရွက်ချက်များဖြင့် သင်၏လစာပေးချေမှုကို အခက်အခဲမရှိစေရန် ပြုလုပ်ထားပါသည်။ ထို့ကြောင့် သင်၏လစာစာရင်းကို မှန်ကန်မှုရှိစေရန် ယုံကြည်စိတ်ချစွာ ပြုလုပ်နိုင်ပါသည်။

25.png

အခွန်ပုံစံများနှင့် တင်သွင်းခြင်းများ

သင်၏ ဝန်ထမ်း လစာစာရင်းအချက်အလက်များဖြင့် ကြိုတင်ပြင်ဆင်ထားသော ပုံစံ၁၅ နှင့် ပုံစံ၁၆ ဖိုင်များကို အလိုအလျောက် ပြုစုပေးနိုင်ပါသည်။

calculator.png

လူမှုဖူလုံရေးကြေးတွက်ချက်ခြင်း

ကျွန်ပ်တို့ ၏လစာစာရင်းဆော့ဖ်ဝဲလ်များသည်လူမှုဖူလုံရေးကြေးနှင့် မဖြစ်မနေ ထည့်ဝင်မှုများကို ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် အလိုအလျောက်တွက်ချက်ပေးပြီး သက်ဆိုင်ရာ ဖိုင်များကို တင်သွင်းနိုင်ရန်အတွက်လည်း ပြုစုပေးပါသည်။

update.png

အမြဲတမ်း Up-To-Date ဖြစ်နေသည်။

ထည့်ဝင်ကြေးနှုန်းများနှင့် အခြားသော မူဝါဒအပြောင်းအလဲများကို အမြဲတမ်း မွမ်းမံပေးနေသဖြင့် ဥပဒေဆိုင်ရာ ပြဌာန်းချက်များ အတွက် စိုးရမ်ပူပန်ရန်မလိုတော့ပါ။

အခြားလုပ်ဆောင်ချက်များ

currency-dollar.png

အတိုင်းအဆမဲ့ စိတ်တိုင်းကျ လစာပေးချေမှုများ

လစာပေးချေမှု ကိစ္စရပ်များကိုသင်လိုအပ်သလောက်ဖန်တီးနိုင်သည်။ ခံစားခွင့်၊ ဖြတ်တောက်ခြင်း သို့မဟုတ် ပေးချေခြင်း စသည်ကို ရွေးချယ်ရန်သာလိုအပ်သည်။

schedule.png

များစွာသောလစာပေးချေမှု အချိန်ဇယား
 

မတူသော အချိန်ဇယားအောက်ရှိ မတူသော ဝန်ထမ်းများကို လစာပေးချေနိုင်ရန် လစဥ်နှင့် လဝက်တိုင်း ပေးချေမှုများ ပြုလုပ်နိုင်ရန် ရွေးချယ်နိုင်ပါသည်။ အပိုဆောင်းပေးချေမှု၊ ပြန်လည်ပေးချေမှုနှင့် အခြားသော တစ်သီးပုဂ္ဂလပေးချေမှုများကို ကျပန်းလုပ်ဆောင်နိုင်ပါသည်။

lock.png

မည်သူတွင် ဝင်ရောက်လုပ်ပိုင်ခွင့်ရှိသည်ကို ထိန်းချုပ်ခြင်း

ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်နှင့် လုံခြုံရေးသေချာစေရန်အတွက်မည်သူက မည်သည့်အရာကို ကြည့်ရှုနိုင်သည်ကို ထိန်းချုပ်နိုင်သည်။ အရေးကြီးသော လစာအချက်အလက်များကို မည်သူကဝင်ရောက်ထိန်းချုပ်ပိုင်ခွင့်ရှိသည်ကို ခွဲထုတ်နိုင်သည်။ သီးခြားဝန်ထမ်းအုပ်စုများကို လစာပြင်ဆင်ရန်အတွက် သီးသန့် ဝန်ထမ်း အား တာဝန်ပေးနိုင်သည်။

report.png

သင်လိုအပ်သော အစီရင်ခံစာများအားလုံး
 

သင်၏ စီးပွားရေးလုပ်ငန်းအတွက် ဝန်ထမ်းလစာစာရင်း အမြောက်အမြားကို နိုင်းယှဥ်သုံးသပ်နိုင်ရန်ကျွန်ုပ်တို့ သည်ခြားနားသော အစီရင်ခံစာ ၂၀ ကျော်ကို ပြုစုထားပါသည်။

calculator.png

အချိန်ပိုကြေးပေးချေမှုများတွက်ချက်ခြင်း
 

ဥပဒေပြဌာန်းချက်များအရသော်လည်းကောင်း သို့မဟုတ် သင်၏ကိုယ်ပိုင်မူဝါဒအရသော်လည်းကောင်း သီးခြားသတ်မှတ်နိုင်သော အချိန်ပိုကြေးနှုန်းများဖြင့် အချိန်ပိုနာရီများကို နာရီမှတ်တမ်းမှတဆင့် အလိုအလျောက် ပြောင်း‌ရွေ့၍သော်လည်းကောင်း လက်ဖြင့် သီးခြား ထည့်သွင်း၍သော်လည်းကောင်း အချိန်ပို‌ကြေးပေးချေမှုများကို တွက်ချက်နိုင်သည်။

report.png

ခွင့်ရက်များ ဖြတ်တောက်ခြင်းနှင့် ငွေသားဖြင့်ပေးချေခြင်း

JustLogin တွင် လစာမဲ့ခွင့် ရယူထားပါက လစာမဲ့ခွင့်ဖြတ်တောက်ခြင်းများကို အလိုအလျောက် တွက်ချက်နိုင်သည်။ ခွင့်ရက်ပိုများကို ငွေသားဖြင့် ပေးချေမှုအတွက် တွက်ချက်ခြင်းများကိုလည်း ဝန်ထမ်း၏ လစာနှုန်းထားအလိုက် အလိုအလျောက် လုပ်ဆောင်နိုင်သည်။

mobile-(1).png

အလွယ်တကူရယူနိုင်သောလစာရှင်းတမ်းများ


 

ဝန်ထမ်းများသည် ခွင့်ပြုပြီးဖြစ်သော အသေးစိတ်ဖော်ပြထားသည့် လစာရှင်းတမ်းများကို ၄င်းတို့၏ လက်ကိုင်ဖုန်းအပလီကေးရှင်းများပေါ်တွင်လည်းကောင်း၊ အွန်လိုင်းမှတဆင့်သော်လည်းကောင်း ကြည့်ရှု၍ ရယူနိုင်ပါသည်။ လစာရှင်းတမ်း စာရွက်များကို သပ်သပ် ဖြန့်ဝေပေးရန် မလိုအပ်တော့ပါ။

update.png
update.png

ဝန်ထမ်းများ၏ လစာသေးစိတ်အချက်အလက်များကို တလုံးတခဲတည်း မွမ်းမံနိုင်သည်။

JustLogin ပေါ်တွင် ဝန်ထမ်းအများအပြား၏ လစာအသေးစိတ်အချက်အလက်များကို တခါတည်းတလုံးတခဲတည်းမွမ်းမံနိုင်သည်။ သို့မဟုတ် သင်၏ Spraedsheet မှ အသေးစိတ်ကို ရိုးရှင်းစွာ အချိန်မကုန်ပဲ တင်သွင်းနိုင်ပါသည်။

ဝန်ထမ်းလစာစာရင်းပေါင်းစည်းခြင်း

Xero, QuickBooks Online သို့မဟုတ် Oracle Netsuite အစရှိသော သင်နှစ်သက်ရာ စာရင်းအင်း ဆော့ဖ်ဝဲနှင့် အလိုအလျောက်ချိတ်ဆက်နိုင်သည်။ လစာစာရင်းကို CardUp နှင့်Reap တို့နှင့်လည်း ချိတ်ဆက်ကာ အကြွေးဝယ်ကဒ်မှတဆင့် လစာပေးချေမှုများပြုလုပ်နိုင်သည်။

bottom of page