top of page

ငွေကြေးဖောင်းပွမှုကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သင့်ဝန်ထမ်းတွေကိုပံ့ပိုးပေးနိုင်မည့်နည်းလမ်း ၅မျိုး

ငွေကြေးဖောင်းပွမှုဆိုတာကစီးပွားရေးနယ်ပယ်မှာအဆက်မပြတ်ရှိနေတဲ့အရာဖြစ်ပြီးလူနေမှုဘဝတွေကိုသက်ရောက်မှုရှိနိုင်လို့ လူတစ်ဦးချင်းစီရောမိသားစုတွေရဲ့စားရိတ်တွေကိုပါ စိန်ခေါ်မှုပြုနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်၊ ငွေကြေးဖောင်းပွမှုကဝယ်လိုအားကိုလျော့ကျစေပြီးငွေကြေးဆိုင်ရာဖိအားတွေတိုးလာစေနိုင်ပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် HR ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့၊ ငွေကြေးဖောင်းပွနေချိန်အတွင်မှားသင့်ဝန်ထမ်းတွေကိုပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ သင့်ဝန်ထမ်းတွေရဲ့ ငွေကြေးဖောင်းပွမှုကိုကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူတို့ရဲ့ ငွေကြေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ ထိရောက်တဲ့ နည်းလမ်းငါးခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။


Money is flying away due to inflation.

1. ပြောင်းလွယ်ပြင်လွယ် အလုပ်ချိန်များစီစဉ်ပေးခြင်း။

အဝေးကနေ အလုပ်လုပ်နိုင်အောင်စီစဉ်ပေးတာ ဒါမှမဟုတ် ပြောင်းလွယ်ပြင်လွယ်အောင်အလုပ်နာရီတွေ သတ်မှတ်ပေးတာမျိုး လိုက်လျောညီထွေမှုရှိစွာလုပ်နိုင်တဲ့ အလုပ်အစီအစဉ်တွေကို ကမ်းလှမ်းပေးတာက ဝန်ထမ်းတွေရဲ့သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေကိုလျှော့ချနိုင်ပြီး သူတို့၏အချိန်ဇယားတွေကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အဝေးကြီးသွားပြီး အလုပ်လုပ်ရတာမျိုးကို ရှောင်နိုင်စေမည့် အလုပ်ရွေးချယ်စရာတွေကို ပံ့ပိုးပေးကြည့်ပါ။ အဝေးကအလုပ်လုပ်နိုင်တာ၊ အလုပ်လုပ်တဲ့ ရက်တွေ တိုတောင်းတာတွေက - သင့်အလုပ်ခွင်ကို အပြောင်းလဲများစွာပေးနိုင်ပါတယ်။

သင့်ဝန်ထမ်းတွေရဲ့နေ့စဉ်အသုံးစရိတ်တွေကို လျှော့ချပေးနိုင်တာက၊ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ JustLogin ပလပ်ဖောင်းကိုအသုံးပြုခြင်းက ဝန်ထမ်းတွေရဲ့အလုပ်အချိန်ဇယားတွေကို စိတ်ကြိုက်သတ်မှတ်နိုင်ပြီး ဘယ်နေရာကနေဖြစ်ဖြစ် အလုပ်ခွင်ဝင်နိုင်မည့် Flexible Work Arrangements (FWA) အင်္ဂါရပ်ကို ရနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ရင် ဝန်ထမ်းတွေရဲ့ သွားလာရေးစရိတ်တွေကို ဖြတ်တောက် ပေးတာေ တွနေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေပေးနိုင်ပြီး သူတို့အပေါ် ငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုကို လျော့ပါးစေပါတယ်။


2. ဝန်ထမ်းအကူအညီအစီအစဉ်များ (EAPs)-

ငွေရေးကြေးရေးအကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုတွေပါဝင်တဲ့ ဝန်ထမ်းကူညီရေးအစီအစဉ်တွေကိုအကောင်အထည်ဖော်ဖို့လိုပါတယ်။ ငွေကြေးဆိုင်ရာအကြံဉာဏ်တွေ၊ ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာအကူအညီအချို့တွေပါဝင်ရပါမယ်။ EAPsကအံဝင်ခွင်ကျ ဘတ်ဂျက်ဖန်တီးမှုတွေ၊ အဓိကအသုံးစရိတ်တွေအတွက် စီစဉ်မှုဒါမှမဟုတ် အကြွေးတွေကိုပါ စီမံခန့်ခွဲနိုင်ဖို့ဝန်ထမ်းတွေရဲ့ ငွေကြေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းတာငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုကိုလျော့ပါးစေတာအစရှိတဲ့ အစီအစဉ်တွေကိုရေးဆွဲပေးဖို့အကူအညီပေးပါတယ်။ သင့်ဝန်ထမ်းတွေကသူတို့ရဲ့ဘဏ္ဍာရေးကိုဘယ်လိုကိုင်တွယ်ရမှာကိုသိရင် ငွေကြေးဖောင်းပွမှုကိုရင်ဆိုင်ရာမှာခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ပါတယ်။

Protecting your employee from the damage of inflation.

3. ပညာပေးခြင်းနင့် ဆက်သွယ်မှုများပြုလုပ်ခြင်း။

အသိပညာဆိုတာစွမ်းအားတစ်ခုပါ။ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်လာရင် အသိပညာရှိတာကပိုလိုအပ်ပါတယ်။ သင့်ဝန်ထမ်းတွေကိုငွေကြေးဖောင်းပွမှုသဘောတရားတွေ၊ အကြောင်းတရားတွေနဲ့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာဘဏ္ဍာရေးဆိုင်ရာအကျိုးသက်ရောက်မှုတွေအကြောင်း ပညာပေးမှုတွေစတင်လုပ်ဆောင်သင့်ပါတယ်။ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းနဲ့ စီးပွားရေးလမ်းကြောင်းတွေနဲ့ သက်ဆိုင်တဲ့ အပ်ဒိတ်တွေကိုအသိပေးသင့်ပါတယ်။ ဝန်ထမ်းတွေကငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကိုနားလည်လာတဲ့အခါမှာသူတို့ဘက်ကနေပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်တွေချနိုင်ပြီးဘတ်ဂျက်တွေကိုချိန်ညှိတာတွေနဲ့ အနာဂတ်အစီအစဉ်တွေကိုသေချာရေးဆွဲနိုင်မှာဖြစ်ပါတယ်။


4. ငွေကြေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်ပေးခြင်း။

ငွေကြေးဆိုင်ရာအသိပညာက လူတစ်ဦးချင်းစီရဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ခွန်အားတွေပေးနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။။ ငွေရေးကြေးရေးဆိုင်ရာ တတ်မြောက်မှုနဲ့ ကျန်းမာရေးအတွက် အဓိကထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဒါမှမဟုတ် ဆွေးနွေးပွဲတွေကို မကြာကဏ ပြုလုပ်ပေးသင့်တယ်။ ဘတ်ဂျက်ရေးဆွဲတာ ချွေတာမှုအစီအစဉ်တွေနဲ့၊ ရင်းနှီးမြုပ်နှံမှုတွေ၊ အကြွေးတွေကို စီမံခန့်ခွဲတာစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေ ဖိတ်ကြားမှုတွေပြုလုပ်ပေးရပါမယ်။


ငွေကြေးဖောင်းပွမှုကို ချိန်ညှိပေးဖို့အတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေ ပေးဆောင်တာ၊ လိုအပ်သလို ကုန်ကျစရိတ်တွေကို ဖြတ်တောက်တာ၊ ငွေတောင်းခံလွှာတွေကို ပြန်လည်ညှိနှိုင်းတာတွေနဲ့ အစားထိုး သယ်ယူပို့ဆောင်ရေး ရွေးချယ်မှုတွေကို ရှာဖွေတာလိုမျိုး လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ပေးရပါမယ်။ ငွေရေးကြေးရေးဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေက ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်လို့ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ စိန်ခေါ်မှုတွေကို ပိုမိုကောင်းမွန်စွာ လမ်းညွှန်နိုင်စေပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ယုံကြည်မှုရှိလာတဲ့အခါ၊ ငွေကြေးဖောင်းပွမှုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားမှုယူလို့ရပါတယ်။


Educate your employee about inflation.

5. လျော်ကြေးတွေနဲ့ အကျိုးခံစားခွင့်တွေကိုပြန်လည်သုံးသပ်ခြင်း။

တိုးမြင့်လာတဲ့ နေထိုင်မှုစရိတ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လစာတွေကို ပုံမှန်သုံးသပ်ပြီး ချိန်ညှိပေးရပါမယ်။ ဒါ့အပြင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အငြိမ်းစားယူမည့် အစီအစဉ်တွေနဲ့ ဘောနပ်စ် ပေးတဲ့ အကျိုးကျေးဇူးတွေကို တိုးမြှင့်စဉ်းစားရပါမယ်။ ဒီလိုပြောင်းလဲမှုတွေက ဝန်ထမ်းတွေရဲ့ ဘဏ္ဍာရေးသုခချမ်းသာအတွက် သင့်ဘက်က စဉ်းစားပေးရာကျပြီး ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ရတဲ့ မြင့်မားတဲ့အသုံးစရိတ်တွေကို စီမံခန့်ခွဲရာမှာ ကူညီပေးပါတယ်။ ပြီးပြည့်စုံတဲ့ အကျိုးခံစားခွင့်တွေ ပက်ကေ့ချ် ပေးဆောင်တာတွေက ဝန်ထမ်းတွေရဲ့ ငွေကြေးသုခချမ်းသာကို ပံ့ပိုးပေးဖို့သင်ကကြိုးပမ်းမှုကို ပြသနေပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေကို လွယ်ကူချောမွေ့စေဖို့အတွက်၊ XoXoDay, လိုမျိုး ဝန်ထမ်းတွေနဲ့ထိတွေ့နိုင်တဲ့ ပလပ်ဖောင်းတစ်ခု လိုအပ်ပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ အလုံးစုံ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အတွေအကြုံတွေကို ဘတ်ဂျက်အပေါ်စိတ်ပူမနေပဲ ခံစားခွင့်ရနိုင်ပါတယ်၊ ဒါမှသာ ငွေကြေးဖောင်းပွမှု ကြောင့်ဆုံးရှုံးမှုကို ကာမိနိုင်မှာဖြစ်ပါတယ်။


သင့်ရဲ့ ဝန်ထမ်းတွေကိုငွေကြေးဖောင်းပွမှုကြောင့် ခံစားရတဲ့ ဆုံးရှုံးမှုနည်းပါးစေခြင်း။


ငွေကြေးဖောင်းပွမှုကကြောက်မက်ဖွယ် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပေမဲ့ သင့်ဘက်ကသင့်ဝန်ထမ်းတွေအပေါ် ကူညီမှုပေးနိုင်တာကိုပြသလို့ရတဲ့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့ပြောပြခဲ့တဲ့ အချက်၅ခုကို အကောင်အထည်ဖော်တာကသင့်ဝန်ထမ်းတွေခံစားရတဲ့ ငွေကြေးဖောင်းပွမှုမုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံကူညီပေးရုံသာမကဘဲခံနိုင်ရည်ရှိပြီးတက်ကြွတဲ့ ဝန်ထမ်းတွေကိုပါ ပျိုးထောင်ပေးနိုင်ပါတယ်။ သင့်ဝန်ထမ်းတွေကပံ့ပိုးကူညီမှု၊လုပ်ကိုင်ခွင့်တွေကိုခံစားရတဲ့အခါမှာ၊ သူတို့ရဲ့ ငွေကြေးဆိုင်ရာမသေချာမှုတွေကိုရင်ဆိုင်နိုင်ပြီးဘယ်စီးပွားရေးပတ်ဝန်းကျင်မှာမဆိုရှင်သန်နိုင်မှာဖြစ်ပါတယ်။



bottom of page