top of page

ခိုင်မြဲတဲ့အဖွဲ့တစ်ခု တည်ထောင်ခြင်း - မင်းရဲ့ထူးချွန်တဲ့ဝန်ထမ်းတွေက ဘာလို့အလုပ်မမြဲကြတာလဲ။

ဝန်ထမ်းတွေကလုပ်ငန်းခွင်အကျိုးခံစားခွင့်တွေဘယ်လောက်ပဲခံစားနေရပါစေတစ်ခါတစ်လေမှာတစ်ခြားအလုပ်တစ်ခုကိုသွားဖို့ ဘာလို့ဆုံးဖြတ်ကြလဲလို့ သင်တွေးကြည့်ဖူးလား။ဒီနေ့မှာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်တဲ့ အကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာအမှန်တကယ်ဖြစ်ပျက်နေသည့်အရာတွေကိုအနီးကပ်လေ့လာကြည့်ရအောင်။



Building a Lasting Team

  • တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဖွင့်လှစ်ခြင်း။

သင်ရဲ့ဝန်ထမ်းတွေကအခွင့်လမ်းကောင်းအကျိုးခံစားခွင့်တွေအပြင် သူတို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ professional တိုးတက်မှုကိုပိုမိုလိုလားတောင့်တကြပါတယ်။ သူတို့အတွက် လက်ရှိအလုပ်က ကျွမ်းကျင်မှုနဲ့ ရည်မှန်းချက်တွေတိုးတက်မှုမရှိဘူးလို့ ခံစားလာရတဲ့အခါမှာတခြားနေရာတွေကဆွဲဆောင်မှုတွေနဲ့ အခွင့်အလမ်းတွေကရုန်းထွက်ဖို့ခက်ခဲပါတယ်။ အဲဒီတော့ ဝန်ထမ်းတွေရဲ့တိုးတက်မှုတွေကိုတန်ဖိုးထားတဲ့ ယဉ်ကျေးမှုတစ်ခုပျိုးထောင်တာလမ်းညွှန်မှုတွေပေးတာနဲ့ သူတို့အတွက်သင်တန်းတွေပို့ချပေးတာကကုမ္ပဏီအနေနဲ့ ၀န်ထမ်းတွေအပေါ်ကိုဂရုစိုက်မှုကိုပြသနိုင်ပြီးတခြားသောအလုပ်တွေကိုစူးစမ်းလေ့လာဖို့ လျှော့ချပေးနိုင်ပါတယ်။

  • အလုပ်နှင့်ဘဝ ဟန်ချက်ညီခြင်း။

ကျွန်တော်တို့အားလုံးမှာ အလုပ်နဲ့ဘဝဟန်ချက်ညီမှုအတွက် အမြဲလုံးပန်းနေကြရပါတယ်။ သက်တောင့်သက်သာရှိတဲ့အလုပ်အချိန်တွေနဲ့ အဝေးကနေအလုပ်လုပ်လို့ရတဲ့ ရွေးချယ်မှုတွေက ကောင်းတယ်ဆိုပေမယ့် ညီတူမျှတူဖြစ်ဖို့ကြိုးစားရပါသေးတယ်။ ဝန်ထမ်းတွေဘက်ကလည်း အကျိုးခံစားခွင့်တွေဘယ်လောက်ပဲရှိနေပါစေ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ အလုပ်ရဲ့တောင်းဆိုချက်တွေကြားမှာ ရုန်းကန်နေရတတ်ပါတယ်။ အဲ့လိုဖိစီးမှုတွေလျှော့ချပေးဖို့ လက်တွေ့ကျတဲ့အလုပ်တာဝန်တွေကိုပေးအပ်တာ၊ အားလပ်ချိန်တွေပေးတာနဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျန်းမာရေးအတွက်ပါအကျိုးရှိစေမယ့် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖတ်တီးပေးတာတွေကရေးကြီးတဲ့လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။


  • အသိအမှတ်ပြုမှုနှင့် အလေးပေးခြင်းရဲ့ စွမ်းအား

လူတိုင်းက သူတို့ရဲ့အလုပ်အတွက် တန်ဖိုးထားခံရတာကိုလိုချင်ပါတယ်။ တစ်ခါတလေမှာတော့ အသိအမှတ်မပြုတာတွေနဲ့ အလေးနက်ထားမခံရတာတွေက ၀န်ထမ်းတွေကို စိတ်ပျက်အားငယ်စေနိုင်ပြီး အလုပ်ကနေ ထွက်ခွာသွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အောင်မြင်မှုတွေကို အသိမှတ်ပြုပေးဖို့နဲ့ ဘယ်လောက်ပဲသေးငယ်တဲ့အောင်မြင်မှုပဲဖြစ်ပါစေ ဂုဏ်ပြုပေးဖို့ လိုအပ်ပါတယ်။ ဒီလို သေးငယ်တဲ့ လုပ်ရပ်တွေက ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။

  • ပွင့်လင်းမြင်သာမှုရှိတဲ့ အလုပ်ခွင်

အလုပ်ခွင်ထဲမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်သွယ်ရေးကလည်းယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ အရေးကြီးပါတယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ကုမ္ပဏီရဲ့ပြောင်းလဲမှုတွေကို အသိမပေးတာက ဝန်ထမ်းတွေအတွက် သူတို့ကိုအလေးမပေးရာရောက်ပါတယ်။ သတင်းအချက်လက်တွေမျှဝေတာ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ပါဝင်စေတာအစရှိတဲ့ လုပ်ရပ်တွေက ပွင့်လင်းမြင်သာမှုရှိတဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းတဲ့ဆက်ဆံရေးတိုးတက်စေတာက စည်းလုံးညီညွတ်တဲ့ အလုပ်ပတ်ဝန်းကျင်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။


Building a Lasting Team

  • ခေါင်းဆောင်မှုကောင်းတွေ ရှိခြင်း။

တန်ဖိုးရှိတဲ့ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက်က ခေါင်းဆောင်တွေရဲ့ကဏ္ဍကလည်းအရေကြီးပါတယ်။ ဝန်ထမ်းတွေက ထိရောက်မှုမရှိတဲ့စီမံခန့်ကိုမှုတွေ ပံ့ပိုးကူညီမှုအားနည်းတာတွေ ကြုံလာရတဲ့အခါမှာ စိတ်အနှောက်အယှက်ဖြစ်လာတတ်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်တွေအတွက်လိုအပ်တဲ့သင်တန်းတွေပို့ချတာ စီမံခန့်ခွဲမှုအပိုင်းအတွက် စနစ်ကျသင်ကြားမှုတွေ ရှိဖို့လိုအပ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကို ပြုစုပျိုးထောင်တာက သူတို့ရဲ့လက်အောက်ငယ်သားတွေကို ဦးဆောင်မှုကောင်းတွေနဲ့ ပံ့ပိုးမှုတွေပေးနိုင်တာမို့လို့ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

  • ထွန်းကားသော ယဉ်ကျေးမှုနှင့် တန်ဖိုးများကို သတ်မှတ်ခြင်း။

ဝန်ထမ်းတွေက သူတို့ရဲ့ကိုယ်ပိုင်တဲ့တန်ဖိုးတွေနဲ့ ကုမ္ပဏီရဲ့ယဉ်ကျေးမှုကိုက်ညီတဲ့ပတ်ဝန်းကျင်ကို လိုချင်တောင့်တကြပါတယ်။ အဲဒီတန်ဖိုးတွေထိပ်တိုက်တွေ့လာတဲ့အခါ သူတို့အတွက် အလုပ်ခွင်နဲ့ ဆက်စပ်မှုမရှိတော့ဘူးလို့ ခံစားစေရတဲ့ အတွက် တခြားလိုက်လျောညီထွေမှုရှိတဲ့ အလုပ်တွေကိုရှာဖွေလာကြပါတယ်။ အားလုံးပါဝင်နိုင်တဲ့ လေးစားမှုရှိတဲ့ ယဉ်ကျေးမှုတွေ၊ ကွဲပြားမှုတွေကိုတွေကို လက်ခံမှုတွေနဲ့ ပုမှန်ဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ပြီး အားလုံးကပိုင်ဆိုင်တယ်လို့ခံစားရတဲ့ အလုပ်အသိုင်းအဝိုင်းကို ဖန်တီးပေးရပါမယ်။

ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့အကျိုးခံစားခွင့်တွေကိုပေးဆောင်တာထက် ဝန်ထမ်းကောင်းတွေကိုထိန်းသိမ်းဖို့က ပို့လို့ရေးကြီးပါတယ်။ ဝန်ထမ်းတွေရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးပေးနိုင်မယ့် တိုးတက်မှုဆိုင်ရာ အခွင့်အရေးတွေ၊ အလုပ်နဲ့ဘဝညီမျှစေမှုတွေ၊ အသိ အမှတ်ပြုမှုတွေ၊ ပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးတွေ၊ ကောင်းမွန်တဲ့ခေါင်းဆောင်ကောင်းတွေနဲ့ ယဉ်ကျေးမှုကောင်းတွေတည်ဆောက်ပေးတာတွေက ဝန်ထမ်းတွေ သစ္စာရှိတဲ့ အဖွဲ့စည်းတစ်ခုကိုထူထောင်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကို တန်ဖိုးထားတာတွေ၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ professional တိုးတက်မှုကို ပံ့ပိုးပေးနိုင်ပါမှ တိုးတက်မှုရှိတဲ့အလုပ် ယဉ်ကျေးမှုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။

1 view0 comments
bottom of page