အလုပ်ခွင်မှာ ကျန်းမာပျော်ရွှင်မှုနဲ့ စွမ်းဆောင်ရည်အတွက် လျှို့ဝှက်ချက်
- Samantha
- Jul 6, 2023
- 2 min read
ကျွန်တော်တို့အားလုံးဟာအလုပ်တွေအရမ်းများနေတဲ့အချိန်တွေမှာအနားယူတာရဲ့အရေးပါမှုကိုအလွယ်တကူမေ့လျော့သွားတတ်ကျပါတယ်။ အားလပ်ချိန်တွေဆိုတာက ကျွန်တော်တို့ရဲ့ကျန်းမာပျော်ရွှင်မှုနဲ့ စွမ်းဆောင်ရည်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ထိရောက်တဲ့ အားလပ်ချိန်အမျိုးအစားတွေကိုအကြံပြုတာ၊ အားလပ်ချိန်ထားသင့်တဲ့ အချိန်တွေနဲ့၊ သင့်လျော်တဲ့ အနားယူရန်နေရာတွေကိုအကြံပြုချက်တွေပေးမှာဖြစ်ပါတယ်။ မန်နေဂျာတွေနဲ့ အဖွဲ့အစည်းတွေအတွက်လည်းဝန်ထမ်းတွေရဲ့ ပုံမှန်အားလပ်ချိန်တွေကိုပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေမျှဝေပေးမှာဖြစ်ပါတယ်အားလပ်ချိန်တွေကိုဦးစားပေးတာကကျွန်တော်တို့အတွက်ပိုမိုအကျိုးဖြစ်ထွန်းပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့အလုပ်ယဉ်ကျေးမှုကိုဖန်တီးနိုင်ပါတယ်။

အားလပ်ချိန်တွေကကျန်းမာရေးနဲ့ စွမ်းဆောင်ရည်အတွက် ဘာလို့ အကျိုးရှိတာလဲ။ အလုပ်မှာ အနားယူခြင်းက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းကျိုးများစွာကို ရရှိစေပါတယ်။ ပုံမှန်အားလပ်ချိန်ရဲ့ အရေးကြီးရတဲ့ အကြောင်းအရင်းတွေကတော့-
ပိုမိုကောင်းမွန်တဲ့ အာရုံစူးစိုက်မှုနဲ့ အလုပ်လုပ်နိုင်စွမ်းအား - အနားယူခြင်းက ကျွန်တော်တို့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို တားဆီးနိုင်ပြီး အာရုံစူးစိုက်မှုရှိနေစေဖို့နဲ့ အလုပ်တွေကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချခြင်း- အားလပ်ချိန် အချိန်တို အနားယူတာနဲ့ ကိုယ်ခန္ဓာကို အားပြန်သွင်းဖို့ အခွင့်အလမ်းကို ပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေလို့ အလုပ်စိတ်ကျေနပ်မှုကို တိုးပွားစေပါတယ်။
ပိုမိုကောင်းမွန်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်ခြင်း- အလုပ်နေရာကနေ ခဏလောက် ခွာနေတာက ကျွန်တော်တို့ရဲ့စိတ်ကို သတင်းအချက်အလက်များကို စီမံစေနိုင်ပြီး အမြင်သစ်တွေကို ရှာဖွေနိုင်စေကာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
ပိုမိုကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး- လှုပ်ရှားမှု ဒါမှမဟုတ် အညောင်းဖြေတာလို မကြာခဏအနားယူတာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး မသက်မသာဖြစ်မှုကို လျှော့ချတာနဲ့ ကြာရှည်ထိုင်လို့ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လိုအနားယူမှုအမျိုးအစားတွေကကျန်းမာရေးနဲ့ စွမ်းဆောင်ရည်အတွက် ပိုထိရောက်လဲ။ လူတစ်ယောက်နဲ့တစ်ယောက်မှာ အနားယူပုံခြင်းကမတူနိုင်ပါဘူး။ ရွေးချယ်စရာအမျိုးမျိုးထဲကမှ ထိရောက်တဲ့ အနားယူမှုပုံတွေကို ဖော်ပြပေးထားပါတယ်။
အမြန် ဒါမှမဟုတ် မကြာခဏ အနားယူခြင်း- တစ်နာရီ သို့မဟုတ် နှစ်နာရီ ပြည့်တိုင်း ခဏတာ အားလပ်ချိန်ယူတာက ကျွန်ုပ်တို့ကို အာရုံစူးစိုက်မှု ထိန်းသိမ်းဖို့နဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားဖို့ ကူညီပေးပါတယ်။
အသေးငယ်ဆုံးသော အနားယူခြင်းများ - မိနစ်အနည်းငယ်ကြာ ခဏတာ ခေတ္တနားတဲ့အချိန်တွေမှာ အသက်ပြင်းပြင်းရှူတာ၊ အညောင်းဆန့်တာတွေ ဒါမှမဟုတ် ကျွန်တော်တို့မျက်လုံးတွေကို ဖန်သားပြင်တွေကနေ အနားယူတာမျိုးလို ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေပါဝင်ပါတယ်။
အားပြန်ဖြည့်တဲ့ အားလပ်ချိန်များ- လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာပါဝင်တဲ့ ၁၀- ၂ဝမိနစ်လောက်အနားယူတာတွေက ကျွန်တော်တို့ရဲ့စွမ်းအင်အဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်၊ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
အနားယူချိန်အတိုင်းအတာ : အနားယူဖို့အကောင်းဆုံးအချိန်က ကျွန်တော်တို့ရဲ့အလုပ်သဘောသဘာဝနဲ့ ကိုယ်ရေးကိုယ်တာနှစ်ခြိုက်မှုများကဲ့သို့သော အချက်များပေါ်မှာလည်းမူတည်နေပါတယ်။ သုတေသနပြုချက်တွေအရ ၅- ၁၅ မိနစ်အားလပ်ချိန်တိုတိုက အလုပ်လည်ပတ်မှုကို မထိခိုက်စေဘဲ အနားယူလို့ရပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်နုပျိုမှုကို ပေးစွမ်းနိုင်လို့ ပိုမိုထိရောက်မှုရှိပါတယ်။ အကိုက်ညီဆုံးအချိန်ကတော့ အလုပ်လုပ်တဲ့အချိန်အတွင်း စိတ်ပိုင်းဆိုင်ရာလိုအပ်လာတဲ့အခါ ဒါမှမဟုတ် သဘာဝအလျှောက်အနားယူမှုလိုလာတဲ့အခါမျိုးမှာ အချိန်ဇယားဆွဲပြီးလိုက်နာတာက အကောင်းဆုံးဖြစ်ပါတယ်။
အနားယူတဲ့ နေရာများ : သင့်လျော်တဲ့ အနားယူမဲ့နေရာ ရွေးချယ်တာက အပန်းဖြေတဲ့ပတ်ဝန်းကျင်ကို ဖန်တီးဖို့ အဓိကသော့ချက်ပဲဖြစ်ပါတယ်။ အကောင်းဆုံးကတော့၊ အလုပ်နဲ့ စိတ်ပိုင်းဆိုင်ရာ အဆက်အစပ်ဖြတ်တောက်ဖို့ သီးခြားနားချိန်တွေ ရှိသင့်ပါတယ်။ တိတ်ဆိတ်တဲ့နေရာ၊ ပြင်ပနေရာ ဒါမှမဟုတ် သက်တောင့်သက်သာထိုင်ဖို့ သတ်မှတ်ထားတဲ့ အနားယူခန်းပဲဖြစ်ဖြစ်၊ ရှုခင်းအပြောင်းအလဲကို မြင်ရတာတွေက ကျွန်တော်တို့ကို လန်းဆန်းစေပြီး စိတ်အပန်းပြေစေပါတယ်။ နောက်ပြီး သဘာဝအလင်းရောင်နဲ့ စိမ်းလန်းတဲ့အပင်တွေကိုကြည့်ရှုတာကလည်း စိတ်ကို ပြန်လည်အားဖြည့်ပေးနိုင်စွမ်းရှိပါတယ်။
အနားယူချိန် လုပ်သင့်တဲ့ လှုပ်ရှားမှုများ : အားလပ်ချိန်အတွင်း လှုပ်ရှားမှုတွေ၊ အပန်းဖြေတာတွေ ဒါမှမဟုတ် လူမှုဆက်ဆံရေးကို အားပေးတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေပါတယ်။ စဉ်းစားသင့်တဲ့ လှုပ်ရှားမှုတွေကတော့ -
ကာယလေ့ကျင့်ခန်း- အညောင်းဆန့်တာတွေ၊ လမ်းလျှောက်တာ၊ ဒါမှမဟုတ် ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်တာက ကျွန်တော်တို့ရဲ့ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း ဒါမှမဟုတ် တရားထိုင်ခြင်း- ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်တာ ဒါမှမဟုတ် တရားထိုင်တာတွေက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှု၊ ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
လူမှုဆက်ဆံရေးများ- လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အနားယူတာ၊ စကားစမြည်ပြောတာ ဒါမှမဟုတ် ရင်းနှီးတဲ့စကားပြောဆိုတာတွေက ဆက်ဆံရေးကို အားကောင်းစေပြီး ရင်းနှီးမှုကို ဖန်တီးပေးနိုင်ပါတယ်။

အားလပ်ချိန်တွေကိုအားပေးဖို့ မန်နေဂျာတွေနဲ့ အဖွဲ့အစည်းတွေကဘာတွေလုပ်နိုင်သလဲ။
အားလပ်ချိန်တွေကို တန်ဖိုးထားပြီး အားပေးမြှင့်တင်တဲ့ ယဉ်ကျေးမှုကို ဖန်တီးရာမှာ မန်နေဂျာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ တက်ကြွတဲ့ အားထုတ်မှုတွေ လိုအပ်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတွေကတော့ -
အားလပ်ချိန်တွေရဲ့ အရေးပါမှုကို အလေးပေးဖော်ပြပါ- အနားယူခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဝန်ထမ်းတွေကို အသိပညာပေးတာနဲ့ အနားယူခြင်းကအကျိုးမရှိဘူးဆိုတဲ့ ထင်မြင်ယူစချက်တွေကို ဖျောက်ပစ်လိုက်ပါ။
ဦးဆောင်ပြီး လုပ်ဆောင်ပြပါ - မန်နေဂျာတွေက စံနမူနာပြဖို့နဲ့ ဝန်ထမ်းတွေကို အလားတူလုပ်ဆောင်ဖို့ ကိုယ်တိုင် ပုံမှန်အနားယူတာမျိုးလို ပြူလုပ်သင့်ပါတယ်။
သီးခြားအားလပ်ချိန်တွေကို အချိန်ဇယားဆွဲပါ- ဝန်ထမ်းတွေအတွက် အပန်းဖြေဖို့နဲ့ အနားယူနိုင်ဖို့ သတ်မှတ်ထားတဲ့အချိန်တွေကို အလုပ်အချိန်ဇယားမှာ ထည့်သွင်းပေးရပါမယ်။
အပန်းဖြေဖို့ အဆင်ပြေနိုင်မယ့် နေရာတွေကို ဖန်တီးပါ- ဝန်ထမ်းတွေ သက်တောင့်သက်သာ အနားယူနိုင်
အလုပ်မှာ အနားယူတာက ကျွန်တော်တို့ရဲ့ ကျန်းမာရေး နဲ့စွမ်းဆောင်ရည်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အားလပ်ချိန်တွေရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီး ထိရောက်တဲ့ အနားယူမှု အမျိုးအစားတွေကို ရှာဖွေတာတွေ၊ အနားယူချိန်ကို အကောင်းဆုံးဖြစ်အောင်၊ သင့်လျော်တဲ့ အနားယူရာနေရာတွေကို ရှာဖွေတာတွေနဲ့ အကျိုးရှိတဲ့ လှုပ်ရှားမှုတွေကို အားပေးတာတွေက တစ်ဦးချင်းနဲ့ အဖွဲ့အစည်းနှစ်ဘက်စလုံးရဲ့ အာရုံစူးစိုက်မှု တိုးလာနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ အားလပ်ချိန်တွေကို တန်ဖိုးထား ပံ့ပိုးပေးတဲ့ ယဉ်ကျေးမှုကို လက်ခံပေးတာက ပိုမိုကျန်းမာပြီး ပိုမိုအောင်မြင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
Comments