top of page

ဝန်ထမ်းဘဝဖွံ့ဖြိုးတိုးတက်မှု၊အရည်အသွေးမြှင့်တင်ခြင်းနှင့်မတူကွဲပြားသောစွမ်းရည်များကိုထိန်းသိမ်းခြင်း

Updated: Jun 20, 2023

ဝန်ထမ်းဘဝတစ်လျှောက် ပါဝင်နိုင်တဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုဖန်တီးခြင်းက ယနေ့ခေတ်လုပ်ငန်းခွင်အသီးသီးမှာ အလွန်အရေးကြီးပါတယ်။ မတူကွဲပြားတဲ့ ဝန်ထမ်းအင်အားကို ခန့်အပ်ရုံမျှမက၊ အဖွဲ့အစည်းတွေက မတူကွဲပြားတဲ့ အရည်အချင်းရှိဝန်ထမ်းတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြှင့်တင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပါဝင်မှုကို လက်ခံတာက ကုမ္ပဏီတွေအတွက် လုပ်ငန်းခွင်ကို တရားမျှတစေပြီး တိုးတက်အောင်မြင်စေနိုင်ပါတယ်။ ဒါကို အဖွဲ့အစည်းတွေက ဘယ်လို အောင်မြင်အောင်လုပ်နိုင်မလဲဆိုတာကို လေ့လာကြည့်ရအောင်။


Inclusion in workplace

ဝန်ထမ်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းက မတူကွဲပြားသောစွမ်းရည်ရှိဝန်ထမ်းတွေကို ပြုစုပျိုးထောင်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကုမ္ပဏီတွေ က ဝန်ထမ်းတွေရဲ့ နောက်ခံအခြေအနေ ဘယ်လိုပဲရှိပါစေ လူတိုင်းကို ပရော်ဖက်ရှင်နယ် တိုးတက်မှု အခွင့်အလမ်းတွေဆီကို တန်းတူညီမျှစွာ ဝင်ရောက်ခွင့် ပေးသင့်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကို တိုးတက်စေပြီး ကုမ္ပဏီတွင်း တက်လှမ်းရန် အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ လမ်းညွှန်မှုကောင်းတွေကို ပေးနိုင်ပါတယ်။ မတူကွဲပြားတဲ့ ဝန်ထမ်းတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ မြှင့်တင်တာက ကုမ္ပဏီတွေအတွက် ကျွမ်းကျင်မှု ကွာဟချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး ဝန်ထမ်းတိုင်း တိုးတက်ဖို့ အခွင့်ကောင်းရှိစေမှာ သေချာပါတယ်။


အဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်၊ အလားအလာတွေအပေါ် အာရုံစိုက်တာ ဘက်လိုက်တာ စတဲ့ယူဆချက်တွေ မဟုတ်ဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်တွေ ရှိဖို့ လိုအပ်ပါတယ်။ မတူညီကွဲပြားမှုနဲ့ ပါဝင်မှုတွေအတွက် ပန်းတိုင်များချမှတ်ပေးရမယ်၊ တိုးတက်မှုကို ခြေရာခံနိုင်ရမယ်၊ မတူကွဲပြားသော ဝန်ထမ်းအင်အားကို မြှင့်တင်ဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်သူတွေကို တာဝန်ခံပေးနိုင်ဖို့ အရေးကြီးပါတယ်။


မတူညီတဲ့ အရည်အချင်းရှိဝန်ထမ်းတွေကို ထိန်းသိမ်းခြင်းက သူတို့ကိုအလုပ်ခန့်အပ်တဲ့အချိန်တုန်းကလိုပဲ အရေးကြီးပါတယ်။ နောက်ခံအမျိုးမျိုးမှ ဝန်ထမ်းတွေကိုထိန်းသိမ်းရတာ၊ ကုမ္ပဏီကနေ လူတိုင်းကို တန်ဖိုးထားမှုတွေပြရတာတွေအတွက် လေးစားမှုနှင့် ပံ့ပိုးမှုတို့ကို ခံစားနိုင်တဲ့ လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ပွင့်လင်းစွာဆက်သွယ်ပြောဆိုမှုကို အားပေးတာ၊ မတူကွဲပြားတဲ့ ဝန်ထမ်းအုပ်စုတွေကို ပံ့ပိုးပေးနိုင်တာနဲ့ ဘက်လိုက်မှု တွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီနိုင်တဲ့ မူဝါဒတွေထားရှိတာတွေ လိုအပ်ပါတယ်။ ဒီအဆင့်တွေက ဝန်ထမ်းတွေရဲ့ ပါဝင်မှုကို မြှင့်တင်ပေးပြီး ဝန်ထမ်းတွေအချင်းချင်း ပျော်ရွှင်စွာ ထိတွေ့ဆက်ဆံမှုကို ဖြစ်ပေါ်စေပါတယ်။


နည်းပညာကလည်း ပါဝင်မှုကြိုးပမ်းမှုတွေကို ပံ့ပိုးရာမှာ ကြီးမားတဲ့အကူအညီဖြစ်နိုင်ပါတယ်။ HR ဆော့ဖ်ဝဲလ်ဖြေရှင်းချက်တွေက လုပ်ငန်းစဉ်တွေကို ချောမွေ့စေပြီး ဝန်ထမ်းအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးတက်စေနိုင်ပါတယ်။ အသုံးပြုရလွယ်ကူတဲ့ အင်တာဖေ့စ်တွေနဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အင်္ဂါရပ်တွေပါရှိပြီး ထိရောက်တဲ့ ဝန်ထမ်းအတွေ့အကြုံကို ဖန်တီးပေးနိုင်ဖို့ ပိုမိုလွယ်ကူစေပါတယ်။


စွမ်းဆောင်ရည်စီမံခန့်ခွဲမှု မော်ဂျူးတွေကို အသုံးပြုပြီးတော့ ကုမ္ပဏီတွေက ဘက်လိုက်မှုတွေကို ဖယ်ရှားတာ မတူကွဲပြားသော စွမ်းရည်ရှိဝန်ထမ်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင် ကူညီပေးတာတွေက တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ စွမ်းဆောင်ရည် အကဲဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ပါတယ်။ သင်ယူမှု စီမံခန့်ခွဲမှု မော်ဂျူးတွေက ကုမ္ပဏီတွေအတွက် လေ့ကျင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တန်းတူညီမျှ ဝင်ရောက်ခွင့်ကို ပေးစွမ်းနိုင်လို့ လူတိုင်းအတွက် သင်ယူမှုနဲ့ တိုးတက်မှုအတွက် အခွင့်အရေးရှိပါတယ်။


ဒါ့အပြင်၊ စစ်တမ်းတွေနဲ့ တုံ့ပြန်မှုယန္တရားတွေလို အင်္ဂါရပ်တွေက ဝန်ထမ်းတွေကို သူတို့ရဲ့အတွေ့အကြုံတွေ စိုးရိမ်ပူပန်မှုတွေနဲ့ အကြံပြုချက်တွေကို မျှဝေစေဖို့ ပလပ်ဖောင်းတစ်ခုအဖြစ်ရပ်တည်ပေးပါတယ်။ ဒီလိုအကြံပြုချက်တွေက မတူကွဲပြားမှုတွေ၊ ဝန်ထမ်းတွေရဲ့ ပါဝင်မှုအစပျိုးမှုတွေကို ပုံဖော်တာတွေနဲ့ အလေ့အကျင့်တွေကို စဉ်ဆက်မပြတ်တိုးတက်စေခြင်းအတွက် အဖိုးတန်ပါတယ်။


ဖွံ့ဖြိုးတိုးတက်မှုတွေ၊ မတူကွဲပြားသော အရည်အချင်းရှိဝန်ထမ်းတွေရဲ့ စွမ်းရည်တွေ မြှင့်တင်ဖို့အတွက် ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်တာက ကုမ္ပဏီတွေအတွက် ဝန်ထမ်းတိုင်းအောင်မြင်ဖို့ တန်းတူအခွင့်အရေးရှိပြီးအားလုံးပါဝင်နိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးနိုင်ခြင်းလည်းဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အရည်အချင်းရှိဝန်ထမ်းတွေရဲ့ တိုးတက်မှု၊ ရာထူးတိုးတာတွေနဲ့ ထိန်းသိမ်းတာတွေကို ဦးစားပေးတာက ဝန်ထမ်းတစ်ဦးချင်းစီကို အကျိုးပြုရုံသာမကပဲ အဖွဲ့အစည်းတစ်ခုလုံးကို ပိုမိုဆန်းသစ်ပြီး အောင်မြင်စေနိုင်ပါတယ်။

Comments


bottom of page