top of page

ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်သုံးသပ်မှုတွေကိုထိရောက်အောင်ဘယ်လိုလုပ်ဆောင်မလဲ။

စွမ်းဆောင်ရည်သုံးသပ်မှုတွေပြုလုပ်တာက ဝန်ထမ်းတွေရဲ့တိုးတက်မှု၊ ဖွံ့ဖြိုးမှုနဲ့ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်သုံးသပ်မှုတွေအတွက် သမာရိုးကျချဉ်းကပ်နည်းတွေက ရလဒျကောင်းတွေရဖို့ခက်ခဲပါလိမ့်မယ်။ ဒီနေ့မှာတော့HR ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်သုံးသပ်မှုလုပ်ငန်းစဉ်ကို အသွင်ပြောင်းပြီး လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ HR ပညာရှင်တွေက သုံးသပ်ခြင်းမပြုမီ၊ ကာလအတွင်းနဲ့ သုံးသပ်မှုပြု ပြီးနောက် ထိရောက်တဲ့နည်းလမ်းတွေကို အကောင်အထည်ဖော်ပြီး ဝန်ထမ်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးတာ အဖွဲ့အစည်းအောင်မြင်မှုကို ပံ့ပိုးပေးတာတွေကို ဖန်တီးပေးနိုင်ပါတယ်။

Performance reviews

ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်သုံးသပ်မှု အကဲဖြတ်ချက်များကို ပြောင်းလဲခြင်း

ကောင်းမွန်တဲ့စွမ်းဆောင်ရည်သုံးသပ်မှုပြုလုပ်ဖို့က ရည်ရွယ်ချက်နဲ့ ချဉ်းကပ်မှုကို ပြန်လည်စဉ်းစားပေးဖို့အရေးကြီးပါတယ်။ အကဲဖြတ်တာတွေတင်မဟုတ်ပဲ အာရုံစိုက်ဆွေးနွေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးတဲ့ အလုံးစုံသောလုပ်ငန်းစဉ်ကို ကူးပြောင်းပေးဖို့လိုပါတယ်။ သုံးသပ်ချက်တွေကို တုံ့ပြန်ချက်ပေးဖို့၊ မျှော်လင့်ချက်တွေကို ချိန်ညှိတာ၊ ပန်းတိုင်တွေသတ်မှတ်တာနဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးတာတွေကို ပြုလုပ်ပေးရပါမယ်။ HR ပညာရှင်တွေက တိုးတက်မှုဆိုင်ရာ အတွေးအမြင်ကို ခံယူပြီး ပံ့ပိုးမှုကောင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးတာနဲ့ ဝန်ထမ်းတွေကို လှုံ့ဆော်ပေးတာက သူတို့အတွက်အလုပ်နယ်ပယ်မှာ တိုးတက်မှုကို လွယ်ကူချောမွေ့စေမယ့် နေရာတစ်ခု ဖန်တီးပေးနိုင်ပါတယ်။

အောင်မြင်မှုအတွက် ပြင်ဆင်ခြင်း

HR ဝန်ထမ်းတွေက စွမ်းဆောင်ရည်သုံးသပ်မှုမပြုလုပ်မီ၊ အောက်ပါအရာတွေကိုလုပ်ဆောင်သင့်ပါတယ်။

  • သက်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းပါ။

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်စေဖို့ စွမ်းဆောင်ရည်ဒေတာ၊ သက်ဆိုင်ရာပရောဂျက်တွေနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။

  • ရှင်းလင်းတဲ့ ရည်မှန်းချက်တွေကို သတ်မှတ်ပါ။

ပြန်လည်သုံးသပ်တာရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေကို သတ်မှတ်ပေးရပါမယ်။ အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်တွေက ဝန်ထမ်းရဲ့ အခန်းကဏ္ဍနဲ့ လိုက်လျောညီထွေရှိစေဖို့လိုအပ်ပါတယ်။

  • လုံခြုံတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပါ။

သုံးသပ်ချက်က ဝန်ထမ်းတွေရဲ့ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ပြီး ဆွေးနွေးတာဖြစ်လို့အချင်းချင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ထူထောင်ပေးရပါမယ်။

  • မိမိကိုယ်ကို ပြန်လည်သုံးသပ်မှုကို အားပေးပါ။

ဝန်ထမ်းတွေအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်၊ အားသာချက်တွေ၊ တိုးတက်မှုနယ်ပယ်တွေနဲ့ အသက်မွေးဝမ်းကြောင်းဆန္ဒတွေကိုသုံးသပ်မှုပြူလုပ်ဖို့အားပေးမှုပြုလုပ်ပေးရပါမယ်။



Effective performance review

အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုတည်ဆောက်ခြင်း။

HR ကျွမ်းကျင်ပညာရှင်တွေက စွမ်းဆောင်ရည်ပြန်လည်သုံးသပ်မှုအချိန်အတွင်းမှာ ထိရောက်မှုကို အမြင့်ဆုံးမြှင့်တင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို အသုံးချနိုင်ပါတယ်။

  • ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကိုပြသပါ။

တိုးတက်မှုနဲ့ အလုပ်နယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ဖို့ စကားဝိုင်းရဲ့ရည်ရွယ်ချက်ကို အလေးပေးမှုနဲ့ သုံးသပ်မှုကို စတင်ရပါမယ်။

  • တိကျသေချာပြီး ရည်မှန်းချက်ရှိပါ။

ဝန်ထမ်းအပေါ်ကို စောင့်ကြည့်လေ့လာထားတဲ့ အမူအကျင့် ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြတ်သားစွာ ဖော်ပြပြီး နားလည်မှုနဲ့ မရှင်းလင်းမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက် ခိုင်မာတဲ့ ဥပမာတွေကို ပေးရပါမယ်။

  • အကျိုးသက်ရောက်မှုကို ဖော်ပြပါ။

အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေအပေါ်မှာဝန်ထမ်းရဲ့ လုပ်ဆောင်ချက် ဒါမှမဟုတ် အပြုအမူတွေရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြပေးရပါမယ်။

  • ဆွေးနွေးမှုကို အားပေးပါ။

ဝန်ထမ်းတွေကို တုံ့ပြန်ချက်တွေပေးဖို့ သူတို့ရဲ့အမြင်တွေကို မျှဝေဖို့နဲ့ စကားဝိုင်းအတွင်းမှာ ပါဝင်ကူညီဖို့ရာ အခွင့်အရေးပေးရပါမယ်။

  • ရည်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေကို သတ်မှတ်ပါ။

ပြတ်သားသော စွမ်းဆောင်ရည် ရည်မှန်းချက်တွေ၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေနဲ့ တိုးတက်မှုအတွက် လုပ်ဆောင်နိုင်တဲ့ အဆင့်တွေကို ပူးပေါင်းလုပ်ဆောင်ပေးရပါမယ်။


Effective performance review

စဉ်ဆက်မပြတ် တိုးတက်အောင် ပြုစုပျိုးထောင်ခြင်း။


HR ပညာရှင်တွေက တိုးတက်မှုတွေအတွက် အောက်ပါအလေ့အကျင့်တွေကို အကောင်အထည်ဖော်သင့်ပါတယ်။

  • ပုံမှန် အချိန်ဇယားဆွဲပါ။

ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်ပြီး ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ နဲ့ တိုးတက်မှုပြန်လည်သုံးသပ်မှုတွေအတွက် အချိန်ဇယားတစ်ခုဖန်တီးရပါမယ်။

  • အရင်းအမြစ်တွေနဲ့ ပံ့ပိုးကူညီမှုတွေကို ကမ်းလှမ်းပါ။

ကျွမ်းကျင်မှုတည်ဆောက်ဖို့နဲ့ အလုပ်နယ်ပယ်တိုးတက်မှုကို လွယ်ကူချောမွေ့စေဖို့အတွက် လေ့ကျင့်မှုတွေ၊ လမ်းညွှန်မှုတွေ ဒါမှမဟုတ် နည်းပြအခွင့်အလမ်းတွေမှာ ဝန်ထမ်းတွေကိုပါဝင်ခွင့်ပေးပါ။


  • အောင်မြင်မှုတွေကို အသိအမှတ်ပြုဂုဏ်ပြုပါ။

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို လှုံ့ဆော်ဖို့နဲ့ အားဖြည့်ဖို့အတွက် ဝန်ထမ်းတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးရပါမယ်။

  • တုံ့ပြန်မှုရှိတဲ့ယဉ်ကျေးမှုကို မွေးမြူပါ။

စဉ်ဆက်မပြတ် တုံ့ပြန်မှုပေးနိုင်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို အားပေးဖို့လိုပါတယ်၊ စဉ်ဆက်မပြတ် လေ့လာသင်ယူတာနဲ့ တိုးတက်မှုဆိုင်ရာ ယဉ်ကျေးမှုတွေကို မြှင့်တင်ပေးရပါမယ်။


ကောင်းမွန်တဲ့ စွမ်းဆောင်ရည်သုံးသပ်မှုတွေကိုလုပ်ဆောင်တာက အဖွဲ့အစည်းရဲ့ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် ပလပ်ဖောင်းတစ်ခုသဖွယ် လုပ်ဆောင်ပေးနိုင်ပါတယ်။HR ပညာရှင်တွေဘက်ကနေ ဝန်ထမ်းတွေ တွေးခေါ်မြော်မြင်နိုင်အောင် ပြင်ဆင်တာတွေ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ပေးတာတွေနဲ့ စဉ်ဆက်မပြတ် တိုးတက်မှုကို ပြုစုပျိုးထောင်တာက ဝန်ထမ်းတွေကို ထူးချွန်စေဖို့ လှုံ့ဆော်ပေးရာရောက်ပါတယ်။ တုံ့ပြန်ပြောဆိုမှုတွေကို လက်ခံတာ၊ ပြတ်သားတဲ့ မျှော်လင့်ချက်တွေကို သတ်မှတ်တာတွေနဲ့ ပံ့ပိုးကူညီမှုများပေးတာတွေက အဖွဲ့အစည်းဆိုင်ရာ ကြီးထွားမှု၊ ထိတွေ့ဆက်ဆံမှုတွေနဲ့ အောင်မြင်မှုတို့ကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ HR ကျွမ်းကျင်ပညာရှင်တွေက ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေနိုင်တဲ့ စကားဝိုင်းတွေနဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်တွေကို ပြုလုပ်သင့်ပြီး သူတို့ဝန်ထမ်းတွေရဲ့ အလားအလာကို ဖွင့်ပေးနိုင်ပြီး အစဉ်မပြတ်တိုးတက်နေတဲ့ အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုကိုမွေးမြူသင့်ပါတယ်။

Comments


bottom of page