top of page

လူများကို ဦးစွာဦးစားပေးခြင်း- ဝန်ထမ်းကောင်းစားရေးတွင် HR ၏အခန်းကဏ္ဍ အရေးပါမှု

ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာချမ်းသာမှုကတိုးတက်အောင်မြင်တဲ့ လုပ်ငန်းခွင်တစ်ခုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ HR ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ လည်းဝန်ထမ်းတွေရဲ့ သုခချမ်းသာကိုဦးစားပေးပြုစုပျိုးထောင်ဖို့ တာဝန်ရှိပါတယ်။ ဒီနေ့မှာတော့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာကိုပြုစုပျိုးထောင်ရာမှာ HR တွေရဲ့အဓိကအခန်းကဏ္ဍမှာဘယ်လိုပါဝင်နေလည်းဆိုတာဖတ်ရှူရမှာဖြစ်ပါတယ်။ပံ့ပိုးမှုကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးတာ၊ စိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးတာ၊ စိတ်ကျန်းမာရေးအသိပညာမြှင့်တင်ပေးတာတွေနဲ့၊ ပံ့ပိုးပေးသောမူဝါဒများကိုအကောင်အထည်ဖော်ပြီးအလုပ်နိုင်စွမ်းတွေကိုမြှင့်တင်ပေးတာတွေပြုလုပ်ပေးတာက HR ကျွမ်းကျင်ပညာရှင်တွေအတွက် လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းရဲ့ အလုံးစုံသောကျန်းမာရေးနဲ့ အောင်မြင်မှုအပေါ် သိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုများပြုနိုင်ပါတယ်။



Employee well being

အထောက်အကူဖြစ်စေသောအလုပ်ပတ်ဝန်းကျင်ကိုဖန်တီးခြင်း-

HR ပညာရှင်တွေကသူတို့ရဲ့ အဖွဲ့အစည်းအတွင်းအလုပ်ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုကိုပုံဖော်ပေးဖို့ရာအခွင့်အရေးရှိသူတွေဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကိုဦးစားပေးတာကနေတစ်ဆင့် ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှုကိုအားပေးအားမြှောက်ပြုပြီးလိုအပ်တဲ့အခါမှာဝန်ထမ်းတွေကအကူအညီအားထားရတဲ့ ရပ်ဝန်းကိုဖန်တီးပေးနိုင်ပါတယ်။ ဝန်ထမ်းတွေကပံ့ပိုးကူညီမှုနဲ့ တန်ဖိုးထားမှုကိုခံစားရတဲ့အခါ အချင်းချင်းထိတွေ့ဆက်ဆံမှု၊ အကျိုးဖြစ်ထွန်းမှုတွေနဲ့ သစ္စာရှိမှုတို့ ပိုမိုဖြစ်လာနိုင်ပြီးအဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှုကောင်းတွေပေါ်ပေါက်လာစေပါတယ်။


အလုပ်နှင့်ပတ်သက်သောစိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကိုဖြေရှင်းခြင်း-

အလုပ်နှင့်ဆက်စပ်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကယနေ့ခေတ် ဖိအားများတဲ့ အလုပ်ပတ်ဝန်းကျင်မှာပျံ့နှံ့နေပါတယ်။ HR ကျွမ်းကျင်ပညာရှင်တွေကအဆိုပါစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ နည်းလမ်းတွေကိုအကောင်အထည်ဖော်နိုင်ရင် ကျန်းမာတဲ့အလုပ်-ဘဝဟန်ချက်ညီမှုကိုထိန်းသိမ်းရာရောက်လို့ ဝန်ထမ်းတွေကိုပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကတော့ စိတ်ဖိစီးတာတွေကိုဘယ်လိုလျှော့ချနိုင်မလဲ၊ စိတ်ဓာတျဘယ်လို မြှင့်တင်ပေးနိုင်မလဲ၊ အစရှိတာတွေကိုနည်းလမ်းတွေပံ့ပိုးပေးတာ၊ ပုံမှန်အားလပ်ချိန်တွေကိုအားပေးတာတွေနဲ့ အလုပ်အချိန်ဇယားတွေကိုလိုက်လျောညီထွေဖြစ်စေဖို့ ပြုလုပ်ပေးတာတွေပါဝင်ပါတယ်။အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေကိုတက်ကြွစွာကိုင်တွယ်ဖြေရှင်းနိုင်ရင် HR တွေကဝန်ထမ်းတွေရဲ့ ပင်ပန်းနွမ်းနယ်မှုကိုတားဆီးနိုင်ပြီးအလုပ်စိတ်ကျေနပ်မှုကို မြှင့်တင်ပေးတဲ့ အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ပါတယ်။


စိတ်ကျန်းမာရေးအသိပညာနှင့် ပညာရေးမြှင့်တင်ခြင်း-

HR ကျွမ်းကျင်ပညာရှင်တွေကဝန်ထမ်းတွေအကြားစိတ်ကျန်းမာရေးအသိနဲ့ ပညာရေးမြှင့်တင်ရာမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့ကျင့်ရေးသင်တန်းတွေနဲ့ အသိပညာပေးလှုပ်ရှားမှုတွေကိုစီစဉ်ပေးတာက HR အနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးအရေးကြီးပုံကိုနားလည်သဘောပေါက်စေပြီးသူတို့၏ကျန်းမာရေးကိုထိထိရောက်ရောက်စီမံခန့်ခွဲဖို့ လိုအပ်တာတွေကိုပြင်ဆင်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးအရင်းအမြစ်တွေအကြောင်းဝန်ထမ်းတွေကိုပညာပေးတာ၊ မိမိကိုယ်ကိုပြုစုစောင့်ရှောက်တာနဲ့သက်ဆိုင်တဲ့ အလေ့အကျင့်ဆိုင်ရာအချက်အလက်တွေပေးတာတွေကိုစာနာနားလည်မှုနဲ့ ပံ့ပိုးကူညီမှုယဉ်ကျေးမှုကို မြှင့်တင်ခြင်းတို့ ပါဝင်ပါတယ်။ဝန်ထမ်းတွေကစိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတတ်မြောက်လာသောအခါမှာ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအကူအညီနဲ့ ပံ့ပိုးကူညီမှုတွေကိုရှာဖွေနိုင်ကြပြီးကောင်းမွန်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုဖန်တီးနိုင်ပါတယ်။



Employee well being

ပံ့ပိုးကူညီမှုမူဝါဒများနှင့် အကျိုးကျေးဇူးများကိုအကောင်အထည်ဖော်ခြင်း-

HR ပညာရှင်တွေကစိတ်ကျန်းမာရေးနဲ့ သုခချမ်းသာကိုဦးစားပေးတဲ့ မူဝါဒတွေနဲ့ အကျိုးကျေးဇူးတွေကိုပုံဖော်နိုင်တဲ့စွမ်းအားရှိပါတယ်။ ဒါတွေကတော့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကိုအကျုံးဝင်တဲ့ ပြည့်စုံသောကျန်းမာရေးအာမခံအစီအစဉ်တွေကိုကမ်းလှမ်းတာ၊ လိုက်လျောညီထွေရှိတဲ့ အလုပ်အစီအစဉ်တွေကိုအကောင်အထည်ဖော်တာနဲ့ ဝန်ထမ်းအကူအညီအစီအစဉ်တွေ (EAPs) တွေမှာဝင်ရောက်ခွင့်ပေးတာတို့ ပါဝင်ပါတယ်။ EAPs ဆိုတာကကိုယ်ရေးကိုယ်တာသို့မဟုတ် အလုပ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတဲ့ ဝန်ထမ်းတွေကိုအကြံဉာဏ်တွေနဲ့ ပံ့ပိုးကူညီမှုဝန်ဆောင်မှုတွေကိုပေးဆောင်ပါတယ်။ပံ့ပိုးကူညီမှုမူဝါဒတွေနဲ့ အကျိုးခံစားခွင့်တွေကိုအကောင်အထည်ဖော်တာက HR တစ်ယောတ်အနေနဲ့ ဝန်ထမ်းတွေရဲ့ သုခချမ်းသာအပေါ် အလေးထားမှုကိုပြသနိုင်ပြီးသူတို့ရဲ့ အလုံးစုံကျေနပ်မှုနဲ့ အချင်းချင်းထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးနိုင်ပါတယ်။


ပျက်ကွက်ခြင်းကို လျှော့ချခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းအား မြှင့်တင်ခြင်း-

ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာအတွက် ရင်းနှီးမြုပ်နှံတာက သနားကြင်နာတဲ့ ချဉ်းကပ်မှုတစ်ခုမျှသာမဟုတ်ပါ။ ဒါကလည်း အဖွဲ့အစည်းအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက်အလုပ် ပျက်ကွက်မှု လျော့နည်းလာပြီး အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာပါတယ်။ သုခချမ်းသာကို ဦးစားပေးတာတွေကြောင့်လည်း HR ကျွမ်းကျင်ပညာရှင်တွေက ဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုကို ခံစားရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပြီး အလုပ်အကိုင်အပေါ် ကျေနပ်မှု မြင့်မားစေတာ၊ ဝန်ထမ်းတွေအလုပ်ကထွက်မှု နည်းပါးတာတွေကြောင့် အဖွဲ့အစည်းဆိုင်ရာ အောင်မြင်မှု တိုးမြင့်လာစေပါတယ်။


HR ကျွမ်းကျင်ပညာရှင်တွေဆိုတာက ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာချမ်းသာမှုကို တန်ဖိုးထား ပံ့ပိုးပေးတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဤကဏ္ဍတွေကို ဦးစားပေးတာက ဝန်ထမ်းတစ်ဦးချင်းစီရဲ့ဘဝတွေကို မြှင့်တင်ပေးရုံသာမက အလုပ်လုပ်နိုင်စွမ်းအား၊ ထိတွေ့ဆက်ဆံမှုနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အောင်မြင်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးတာက လုပ်သင့်လုပ်ထိုက်ရုံသာမက အဖွဲ့အစည်းအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ချက်လည်းဖြစ်ပါတယ်။

Comments


bottom of page