top of page

ဝန်ထမ်းအတွေ့အကြုံအပေါ် လစာ၏သက်ရောက်မှု- အပြုသဘောဆောင်သော အလုပ်ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း။

ဒီနေ့ခေတ်ရဲ့ အလုပ်အကိုင်ဈေးကွက်မှာ ထိပ်တန်းအရည်အချင်းရှိတဲ့သူတွေကို ဆွဲဆောင်နိုင်တာနဲ့ ထိန်းသိမ်းနိုင်တာက အဖွဲ့အစည်းတစ်ခုရဲ့အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးဖို့နဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်နိုင်ဖို့ အဖွဲ့အစည်းတွေက သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်မှု အခွင့်အလမ်းတွေသာမကပဲ လစာစီမံခန့်ခွဲမှုရဲ့ အရေးပါတဲ့ ကဏ္ဍကိုလည်း အာရုံစိုက်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေက လုပ်ခလစာကို ကိုင်တွယ်ပုံအလျှောက် ဝန်ထမ်းတွေအပေါ် သိသိသာသာသက်ရောက်မှုနိုင်ပြီး ငွေကြေးဆိုင်ရာ သုခချမ်းသာကနေ အလုပ်စိတ်ကျေနပ်မှုအထိ အရာအားလုံးအပေါ် လွှမ်းမိုးနိုင်ပါတယ်။ ဒီနေ့မှာတော့ လုပ်ခလစာနဲ့ ဝန်ထမ်းအတွေ့အကြုံအကြား ဆက်စပ်နေတာတွေကို စူးစမ်းလေ့လာပြီး ဝန်ထမ်းအတွေ့အကြုံအပေါ် လစာ၏သက်ရောက်မှုနဲ့ထိရောက်တဲ့ လစာပေးချေမှုလုပ်ငန်းစဉ်တွေရဲ့ အရေးပါမှုကို ပြောပြသွားမှာဖြစ်ပါတယ်။

Happy employees

1. တိကျပြီး အချိန်မီ ငွေပေးချေမှုရှိခြင်း

လုပ်ခလစာရဲ့ အခြေခံကျတဲ့ အချက်တွေထဲကတစ်ခုကတော့ ဝန်ထမ်းတွေကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်တဲ့ လစာငွေကိုပေးခြင်းပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် သူတို့ရဲ့လစာကိုအချိန်မှန်မှန်ရပြီး အမှားအယွင်းများမရှိတာက သူတို့ရဲ့အဖွဲ့အစည်းအပေါ်မှာ ယုံကြည်မှုနဲ့ စိတ်ချမှုကိုပေးနိုင်ပါတယ်။ အပြန်အလှန်အားဖြင့်၊ နောက်ကျတာတွေ သို့မဟုတ် မမှန်သောငွေပေးချေမှုတွေက စိတ်ပျက်မှု၊ ငွေကြေးဆိုင်ရာ ဖိစီးမှုတွေနဲ့ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ ခိုင်မာတဲ့လုပ်ခလစာစနစ်တွေကို လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြုပ်နှံခြင်းက ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှူအတွက် အဖွဲ့အစည်းတွေရဲ့ကတိကဝတ်တွေကို သရုပ်ပြသကဲ့သို့ ရှိနိုင်ပါတယ်။


2. ဘဏ္ဍာရေးလုံခြုံမှုနှင့် တည်ငြိမ်မှု

ဝန်ထမ်းတွေ စိတ်ကျေနပ်မှုရဲ့ အဓိက တွန်းအားက ငွေကြေးလုံခြုံမှုပါ။ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သော လစာပေးစနစ်က ဝန်ထမ်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ပြဿတွေရှိရင် အလုပ်ရှင်များအပေါ် အားကိုးနိုင်စေပါတယ်။ ဒီလိုယုံကြည်စိတ်ချခြင်းက တည်ငြိမ်မှုကို တိုးစေပြီး ဝန်ထမ်းတွေရဲ့အလုပ်အပေါ် ပိုမိုထိရောက်စွာ အာရုံစိုက်နိုင်စေနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေတွေ လုံခြုံတယ်လို့ခံစားရတဲ့ ဝန်ထမ်းတွေက အလုပ်လုပ်ကိုင်ရာမှာပိုမိုတက်ကြွပြီး အောင်မြင်မှုလည်းရှိကြပါတယ်။


3. စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်း

လစာပေးတဲ့ လုပ်ငန်းစဉ်တွေက အခွန်ဥပဒေတွေ၊ အလုပ်သမားစည်းမျဉ်းတွေနဲ့ ဒေတာကိုယ်ရေးကိုယ်တာလမ်းညွှန်ချက်တွေအပါအဝင် ဥပဒေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရမည်ဖြစ်ပါတယ်။ မလိုက်နာရင် ပြစ်ဒဏ်တွေနဲ့ အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တာတွေ၊ ပြင်းထန်သောအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် ကျင့်ဝတ်ဆိုင်ရာကျင့်ထုံးတွေနဲ့ ဝန်ထမ်းတွေရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုကို ဦးစားပေးသည့် အဖွဲ့အစည်းတွေကိုလည်း ဝန်ထမ်းတွေက တန်ဖိုးထားကြပါတယ်။ လုပ်ခလစာစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာခြင်းက အဖွဲ့အစည်းကို အကာအကွယ်ပေးရုံသာမက ကောင်းမွန်တဲ့ ဝန်ထမ်းအတွေ့အကြုံကို လည်း အထောက်အကူပြုပါတယ်။


Payroll and salary

4. ပွင့်လင်းမြင်သာမှုနှင့် ဆက်ဆံရေး

ထိရောက်တဲ့ လုပ်ခလစာစီမံခန့်ခွဲမှုက လစာထုတ်ရုံမျှမက ကျော်လွန်ပါတယ်။ လျော်ကြေးဖွဲ့စည်းပုံတွေ၊ နုတ်ယူမှုတွေနဲ့ အကျိုးခံစားခွင့်များဆိုင်ရာ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်မှုတွေ ပါဝင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ လုပ်ခလစာ လုပ်ငန်းစဉ်တွေက ယုံကြည်မှုကို မြှင့်တင်ပေးပြီး ဝန်ထမ်းတွေရဲ့ လျော်ကြေးကို ဘယ်လိုတွက်ချက်တယ်ဆိုတာ နားလည်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင်၊ လစာမူဝါဒတွေနဲ့ အပြောင်းအလဲတွေဖြစ်ပေါ်စေတဲ့ ပွင့်လင်းမြင်သာသော ဆက်ဆံရေးတွေက ဝန်ထမ်းများကို တန်ဖိုးထား လေးစားမှုရှိကြောင်း ပြသနိုင်ပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ ဝင်ငွေတွေနဲ့ သူတို့အပေါ် လွှမ်းမိုးသည့် အချက်တွေအကြောင်း ရှင်းရှင်းလင်းလင်း သိလာသောအခါ ကြရင် တရားမျှတစွာဆုံးဖြတ်နိုင်တဲ့ ခံစားချက်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။


5. ဝန်ထမ်းကိုယ်တိုင် ဝန်ဆောင်မှုနှင့် အလိုအလျောက်လုပ်ဆောင်ခြင်း

နည်းပညာတိုးတက်မှုတွေက ဝန်ထမ်းတွေရဲ့ လုပ်ခလစာအချက်အလက်ကို အဆင်ပြေစွာဝင်ရောက်စီမံခန့်ခွဲနိုင်စေမည့် ကိုယ်ပိုင်ဝန်ဆောင်မှုပလပ်ဖောင်းတွေပါရှိလို့ လစာငွေစီမံခန့်ခွဲမှုကို ပြောင်းလဲစေနိုင်ပါတယ်။ ဝန်ထမ်းကိုယ်တိုင် အသုံးပြုပြီနိုင်တဲ့ ပေါ်တယ်လ်တွေ၊ ဝန်ထမ်းတွေရဲ့ လစာစာရင်းတွေကို ကြည့်ရှုနိုင်စေဖို့ ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်တွေကို ဖြည့်တာတွေ၊ အရေးကြီးစာရွက်စာတမ်းတွေကို ဝင်ရောက်ကြည့်ရှုနိုင်စေပြီး လက်စွဲစာရွက်စာတမ်းလိုအပ်မှုကို ဖယ်ရှားပေးနိုင်လို့စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ အလိုအလျောက်စနစ်တွေနဲ့ ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့်ကိရိယာတွေကို အသုံးချတဲ့ အဖွဲ့အစည်းတွေက လစာပေးချေမှုလုပ်ငန်းစဉ်တွေမှာ ချောမွေ့နိုင်ပြီး အမှားအယွင်းတွေကို လျှော့ချပေးနိုင်တယ်၊ ဝန်ထမ်းတွေရဲ့ လစာနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို ထိန်းချုပ်နိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။ လိုက်လျောညီထွေရှိမှု၊ အဆင်ပြေမှုတွေနဲ့ စွမ်းဆောင်နိုင်မှုတို့ကို ပေးဆောင်ပေးနိုင်လို့ ဝန်ထမ်းအတွေ့အကြုံကို မြှင့်တင်ပေးနိုင်ပါတယ်။


လစာစီမံခန့်ခွဲမှုက အဖွဲ့အစည်းတစ်ခုအတွင်းမှာ ဝန်ထမ်းအတွေ့အကြုံအားလုံးကို ပုံဖော်ဖို့အတွက် အရေးပါသောအခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဝန်ထမ်းတွေကို လစာ ပေးဆောင်တယ်လို့ပြောတာထက်ကိုပိုပါတယ်။ တိကျမှု၊ လိုက်နာမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဆက်သွယ်မှုတို့အများကြီးပါဝင်ပါတယ်။ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ လစာပေးချေမှုလုပ်ငန်းစဉ်တွေကို ဦးစားပေးတဲ့ အဖွဲ့အစည်းတွေက ယုံကြည်မှု၊ ငွေကြေးလုံခြုံမှုနဲ့ အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ခိုင်မာတဲ့လုပ်ခလစာစနစ်တွေကို ရင်းနှီးမြှုပ်နှံတာ၊ နည်းပညာကို အသုံးချတာတွေနဲ့ ဥပဒေဆိုင်ရာလိုအပ်ချက်တွေကို လိုက်နာတာက အဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှု ကိုဖြစ်ပေါ်စေပါတယ်။


သင့်လုပ်ခလစာစီမံခန့်ခွဲမှုကို ချောမွေ့စေပြီး သင့်ဝန်ထမ်းများရဲ့အတွေ့အကြုံကို မြှင့်တင်ဖို့ ပြီးပြည့်စုံတဲ့ဖြေရှင်းချက်တစ်ခုကို ရှာဖွေနေရင်တော့ JustLogin ကို သာဆက်သွယ်လိုက်ပါ။ အစွမ်းထက်တဲ့လစာငွေစီမံခန့်ခွဲမှုတွေ၊ ဝန်ထမ်းကိုယ်တိုင်ဝန်ဆောင်မှုပေါ်တယ်တွေနဲ့ အလိုအလျောက်စနစ်ဆိုင်ရာအင်္ဂါရပ်တွေပါဝင်တဲ့ cloud-based HR ဆော့ဖ်ဝဲအစုံပါဝင်ပါတယ်။ JustLogin နဲ့ သင်ရဲ့လစာပေးချေမှုလုပ်ငန်းစဉ်တွေကို ရိုးရှင်းစေပြီး သင့်ဝန်ထမ်းတွေကို အသုံးပြုရလွယ်ကူတဲ့ ကိုယ်တိုင်ဝန်ဆောင်မှုပလက်ဖောင်းတစ်ခုဖြင့် ပံ့ပိုးပေးနိုင်ပါတယ်။

JustLogin က သင်ရဲ့လုပ်ခလစာစီမံခန့်ခွဲမှုကို ကောင်းမွန်တဲ့ဝန်ထမ်းအတွေ့အကြုံတွေ ဖန်တီးနိုင်တာတွေကို လေ့လာဖို့ စမ်းသပ်အသုံးပြုဖို့ အခုပဲဆက်သွယ်လိုက်ပါ။ သင့်အဖွဲ့အစည်းကို ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ လစာပေးချေမှုအလေ့အကျင့်တွေနဲ့ စွမ်းအားမြှင့်ပေးပြီး သင့်ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်လိုက်ပါ။



 
 
 

Comments


bottom of page