top of page

အရည်အချင်းရှိသူတွေ ခန့်အပ်နိုင်ဖို့ Employer Branding က အရေးပါလား


ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးအနေနဲ့ COVID-19 ကူးစက်ရောဂါကနေ ပြန်နာလန်ထူနိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာနိင်ဖို့ ကြိုးစားလျက်ရှိသလို ဝန်ထမ်းအသစ်တွေကို ခေါ်ယူဖို့ ကုမ္ပဏီတွေအနေနဲ့လည်း ခြေလှမ်းစနေကြပြီ ဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့သူတွေကို လိုက်စုရုန်းဖို့ဆိုတာက ပြောသလောက်တော့လည်း လွယ်မနေပြန်ပါဘူး။ သင့်တော်တဲ့ သူတွေကိုကော ဘယ်လိုမျိုးစုဆောင်းရွေးချယ်မလဲ။ အရည်အချင်းရှိတဲ့သူတွေ စိတ်ဝင်စားလာပြီး လာစုံစမ်းအောင် ဘယ်လိုမျိုးတွေလုပ်ရမလဲ။ ဒီမေးခွန်းတွေကို မဖြေခင် Employer Branding နဲ့သက်ဆိုင်တဲ့အချက်တွေကို ကြည့်လိုက်ရအောင်။


Employer Branding ဆိုတာဘာလဲ?


Employer Branding ရဲ့အဓိပ္ပာယ်ကို လိုရင်းတိုရှင်း ဖြေရမယ်ဆိုရင်တော့ ဂုဏ်သတင်းကြီးကျော်ဇောလာတာလို့ ပြောလို့ရနိုင်ပါတယ်။ ဒါအလုပ်ရှင်တစ်ယောက်ဘက်က ကြည့်တဲ့ အမြင်နဲ့ပေါ့။ Millennials နဲ့ Gen Z-ers လုပ်ငန်းတွေဟာ လျင်လျင်မြန်မြန်တိုးတက်လာတဲ့ IT နည်းပညာခေတ်မှာ အောင်မြင်လာကြတာ ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Workforce အနေနဲ့ ၃၈% ထိ ရရှိထားပြီပဲ ဖြစ်ပါတယ်။ အလုပ်ရှာတဲ့သူတွေအနေနဲ့ အလုပ်လာမလျှောက်ကြခင် ဒီကုမ္ပဏီမှာ အလုပ်လာလျှောက်ဖို့ သင့်တော်လား မသင့်တော်လား ဆိုတာကို သေချာလေ့လာကြပါသေးတယ်။ မယုံဘူးလား? ဒီလိုအလုပ်မလျှောက်ခင် ၇၅% သော အလုပ်လျှောက်တဲ့သူတွေက ဒီကုမ္ပဏီရဲ့ စံချိန်စံညွှန်းတွေ လုပ်ဆောင်ချက်တွေကို လေ့လာကြပါတယ်။


Employer Branding နဲ့ပက်သက်ပြီး သိထားသင့်တဲ့အချက်များ


၁။ လျှောက်ထားတဲ့သူတွေအနေနဲ့ ရွေးချယ်ခွင့်ရမယ်


Recruitment Masterclass webinar ကတင်သွင်းတဲ့ report တွေအရ ဝန်ထမ်းသစ်ခန့်အပ်ဖို့အတွက် အသုံးစရိတ် ၇၆% တိုးမြင့်အသုံးပြုမှာ ဖြစ်တဲ့အတွက် အလုပ်ခန့်အပ်မှုနှုန်းကလည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။ ဒါက အလုပ်လျှောက်ထားတဲ့ သူတွေအတွက် အဆင်ပြေစေပါတယ်။ Employer Branding ကိုနားလည်ထားမယ် ဒီအချက်ကိုထည့်စဉ်းစားမယ်ဆိုရင် ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်လျှော့ချပြီး အတွေ့အကြုံကောင်းတွေရှိတဲ့ ဝန်ထမ်းကိုပဲ ရှာချင်တဲ့ ကုမ္ပဏီတွေမှာ စပြီး လျှောက်တာ အကောင်းဆုံးပါပဲ။


၂။ အောင်မြင်တဲ့ Branding တစ်ခုလုပ်ချင်တာလား? ဝန်ထမ်းငှားရမ်းတဲ့ကုန်ကျစရိတ်တွေကို လျှော့ချလိုက်ပါ


ကုမ္ပဏီတွေဘက်က စနစ်တကျစီမံခန့်ခွဲမှုတွေ ပြန်လုပ်မယ်ဆိုရင် ရလာဒ်အနေနဲ့ Employer Branding ကောင်းလာနိုင်ပြီးတော့ ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ် ၄၃% ကိုလည်း လျှော့ချနိုင် မှာဖြစ်ပါတယ်။ ဒီလိုကုမ္ပဏီတွေအတွက်ကတော့ Employer Branding အားနည်းတဲ့ ပြိုင်ဖက်ကုမ္ပဏီတွေနဲ့ ယှဉ်လိုက်တဲ့အခါ သိပ်များများစားစား အားထုတ်ပြီး ယှဉ်ပြိုင်စရာတောင် မလိုပါဘူး။


၃။ စုံစမ်းတဲ့သူတွေအနေနဲ့ ဝန်ထမ်းတွေကို ပိုပြီး ယုံကြည်တတ်ကြပါတယ်


နောက်ထပ်မှတ်သားစရာကောင်းတဲ့ အချက်ကတော့ လာစုံစမ်းတဲ့သူတွေဟာ Employer Branding ကောင်းမွန်တဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကို သုံးဆ ပိုပြီးယုံကြည် ကြပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် ကုမ္ပဏီအကြောင်းကို ပိုသိချင်ရင် စုံစမ်းတဲ့သူတွေက လုပ်ငန်းအတွင်းထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို တန်ပြန်သိရနိုင်တဲ့ ဝန်ထမ်းတွေနဲ့ စကားပြောကြတာ များပါတယ်။ ဝန်ထမ်းတွေဆီက တုံ့ပြန်မှုကောင်းတွေရချင်တာလား? Employer Branding ကို ပိုကောင်းအောင်သာလုပ်ပါ။


၄။ Employer Branding ပိုကောင်းလေလေ အလုပ်လာလျှောက်တဲ့သူ ပိုများလေလေ ဖြစ်ပါတယ်။


အလုပ်လာလျှောက်တဲ့သူ ၉၄% ဟာ Employer Branding ကိုသေချာစီမံထားတဲ့ နေရာတွေမှာ ပိုပြီးတော့ အလုပ်လျှောက်ချင်ကြပါတယ်။ အံ့ဩစရာတော့လည်း မဟုတ်ပြန်ပါဘူး။ အလုပ်လာလျှောက်တဲ့သူတွေဟာ သူတို့ဝန်ထမ်းအနေနဲ့ အလုပ်လုပ်တဲ့အခါ သူတို့ကို တန်ဖိုးထားတာမျိုး သူတို့အနေနဲ့ ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ စိတ်ခွန်အားတွေပေးနိုင်မယ် တန်ဖိုးထားပြီး ဆက်ဆံကြတာမျိုး လိုချင်ကြတာပါ။ CareerArc ရဲ့လေ့လာဆန်းစစ်ချက်အရ အင်တာနက်မှာ သေချာမစီမံပြထားနိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ အလုပ်လာလျှောက်တဲ့သူတွေဆီကနေ မကောင်းတဲ့ဝေဖန်ချက်တွေပဲ ရတတ်ကြပါတယ်။ Social Media တွေနဲ့ Website က Project တွေကို အချိန်နဲ့တပြေးညီတင်ထားနိုင်တာက နည်းပညာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အလုပ်ရှင်တစ်ယောက်ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။


၅။ ၂၀၀% အထက် ဝန်ထမ်းခန့်အပ်မှုနှုန်းနဲ့ ၅၀% အထက်အရည်အချင်းများ


LinkedIn ရဲ့ တင်ပြချက်တွေအရတော့ Employer Brand ကောင်းတစ်ခုဆိုတာက ဝန်ထမ်းတွေကို မြန်မြန်ဆန်ဆန်ခန့်အပ်နိင်တာနဲ့ အရည်အချင်း ပြည့်မှီတဲ့ ဝန်ထမ်းတွေရှာဖွေနိုင်တာ စတာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ကုမ္ပဏီလုပ်ငန်းကြီးတွေ အတွက် ကတော့ ဒီလိုလုပ်တာတွေက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ ညီမျှပါတယ်။


၆။ Employer Branding အတွက် Social Media တွေအသုံးပြုပြီး ဝန်ထမ်းခန့်အပ်ခြင်း


Employer Branding ကိုနားလည်ပြီဆိုရင် Social Media ကိုအသုံးပြုပြီး ဝန်ထမ်းခန့်အပ်စုဆောင်းခြင်းက ပိုသမားရိုးကျပြီးတော့ ပိုဖြစ်နိုင်ချေများတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ၇၀% သောအလုပ်ရှင်တွေဟာ Social Media ကိုအသုံးပြုပြီး ဝန်ထမ်းတွေ ငှားရမ်းခန့်အပ်ကြပါတယ်။ ထပ်ပြီးတော့ ၈၀% သောအလုပ်ရှင် တွေရဲ့ ပြောဆိုချက်အရ Social Media အသုံးပြုပြီး ဝန်ထမ်းရှာဖွေတာက သူတို့လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့သူတွေနဲ့ (အလုပ်အသစ်တစ်ခုကို လက်ရှိမှာမရှာနေပေမယ့် အလုပ်အသစ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်) ပိုပြီးတွေ့စေနိုင်ပါတယ်။


ဒီလိုအချက်တွေကို မလုပ်ချင်ဘူးဆိုရင်တော့ Employer Branding ကိုသေသေချာချာလုပ်ဖို့ လိုအပ်နေပါပြီ။ နောက်ထပ်အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုနဲ့ ရှေ့ဆက်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်။


အဆင့် (၁) : ကိုယ့်ကုမ္ပဏီကို သူများနဲ့မတူဘဲ ကွဲပြားသွားစေနိုင်တဲ့အရာကို လုပ်ပါ။


ကုမ္ပဏီတိုင်း လုပ်ငန်းလည်ပတ်ပုံမတူကြသလို လုပ်ငန်းရဲ့ Mission, Vision, လုပ်ဆောင်တဲ့ပုံစံတွေနဲ့ တန်ဖိုးချင်းက ကွာခြားကြပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ပုံတွေ ဘယ်လိုလုပ်ဆောင်ချက်တွေက မှန်တာလဲ သူမတူအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေသိအောင်လုပ်ပါ။ ဒီလိုခွဲခြားပြီးပြီဆိုရင် ပြောခဲ့တဲ့အချက်တွေနဲ့ ကိုက်ညီဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်တယ်ဆိုတာကို မြင်လာမှာ ဖြစ်ပါတယ်။


အဆင့် (၂) : လူအများယုံကြည်မှုရလာအောင် မှတ်တမ်းမှတ်ရာတွေ ပြုလုပ်ပါ။


ကုမ္ပဏီရဲ့ အကျဉ်းချုပ်ကို အရည်အသွေးမြင့် ဗီဒီယို၊ ဓာတ်ပုံနဲ့ ခေါင်းစဉ်တွေထုတ်ပြီး ဖော်ပြထားပါ။ စစ်မှန်မှုဆိုတာ အဓိကအသော့ချက်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် မိတ်ဆွေရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေဆိုတာ လူစွမ်းကောင်းတွေလို့ ပြောလို့တောင်ရပါတယ်။ ကုမ္ပဏီအကြောင်းလာစုံစမ်းတဲ့သူတွေ လာတဲ့အခါ ဝန်ထမ်းတွေကို CEO ထက် သုံးဆလောက်ပိုပြီး ယုံကြည်ကြတယ်ဆိုတာကို မမေ့ပါနဲ့။


အဆင့် (၃) : အင်တာနက်ပလက်ဖောင်းတစ်ခု ဖန်တီးပါ။


မိတ်ဆွေရဲ့ ကုမ္ပဏီမှာ Facebook Page တစ်ခု ရှိရဲ့လား? Instagram အကောင့်တစ်ခုကော ရှိလား? Update ဖြစ်နေအောင်ကော အမြဲလုပ်ဖြစ်ရဲ့လား? မိတ်ဆွေကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းပုံစံတွေ သဘောတရားတွေကို သိအောင် လေ့လာဆန်းစစ်ကြည့်ပါ။ ဝန်ထမ်းတွေရဲ့ အောင်မြင်မှုအသေးလေးတွေက အစနေ့တိုင်း ချပြပါ။ ဥပမာတစ်ခုပြရရင်တော့ SAS Software ရဲ့ Instagram Profile မှာဆိုရင် ဝန်ထမ်းတွေရဲ့ နေပုံထိုင်ပုံ ပုံစံတွေကို ဗီဒီယိုအတိုလေးတွေ မျှဝေထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကသူတို့ရဲ့ဝန်ထမ်းတွေကို စေတနာထား အလေးထားပြီး ဆက်ဆံတယ်ဆိုတာ ပေါ်လွင်ပါတယ်။ လုပ်ငန်းအသေးလေးတွေအနေနဲ့ သူတို့ရဲ့ Social Media Platform မှာ ဝန်ထမ်းတွေကို နေရာပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ Facebook Page တစ်ခုရှိတာအပြင် ကိုယ်ပိုင် Employer Brand တစ်ခုတည်ဆောက်ချင်တဲ့ သူတွေအတွက် Company Blog ဆိုတာကလည်း ရှိထားသင့်ပါသေးတယ်။ အလုပ်ရှာတဲ့သူတွေအနေနဲ့ ကုမ္ပဏီရဲ့ Website တွေ Blog တွေကိုဝင်ပြီး လေ့လာတတ်ကြပါတယ်။ ဒါကလည်း ကုမ္ပဏီကလုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေနဲ့ အကြောင်းအရာတွေကို တခြားသူတွေ တွေ့နိုင် ဖတ်နိုင်အောင် မျှဝေပေးနိုင်နဲ့ နေရာတစ်နေရာပါ။ Blog တစ်ခုရဲ့ User Interface ၊ အရောင်တွေနဲ့ တစ်ခြားလုပ်ဆောင်ချက်တွေက ဝင်လေ့လာတဲ့သူတွေအတွက် ထိရောက်မှုရှိစေပါတယ်။


တခြားဘာလုပ်စရာရှိသေးလဲ?


Employer Brand တစ်ခုကို ထိန်းသိမ်းတည်ဆောက်ရတာက ပန်းခြံတစ်ခုထဲ လမ်းလျှောက်သလောက်တော့ မလွယ်ကူပါဘူး ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို ရေရှည်ဆက်လုပ်ဖို့ဆိုရင်တော့ ဒီလိုလုပ်တာက အောင်မြင်မှုရရှိနိုင်ပါတယ်။ Employer Brand တစ်ခုကို သေချာစစ်ဆေးပါ။ ဒါကကော ဘာကိုပြောချင်တာလဲ? Employer Brand တစ်ခုကို သေချာစစ်ဆေးတယ်ဆိုတာ အခြေခံအားဖြင့်တော့ ကိုယ်တိုင် ဒါမှမဟုတ် စောင့်ကြည့်ရေးအဖွဲ့တစ်ခုခုနဲ့ ကိုယ့်ကုမ္ပဏီကို ဈေးကွက်မှာ လူတွေဘယ်လို မြင်ကြသလဲ လက်ရှိဝန်ထမ်းတွေကကော ဘယ်လိုမြင်ကြသလဲ ဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီအဓိကကျတဲ့ လုပ်ဆောင်ချက်တွေက နောက်ထပ် Employer Branding ကိုဘယ်လို စီမံရမလဲဆိုတဲ့ နည်းလမ်းတွေကို ထပ်ပြီး မီးမောင်းထိုးပြနိုင်မှာပါ။


JustLogin ကိုအသုံးပြုပြီး Cloud-based HR Software ကို စတင်အသုံးပြုလိုက်ပါ။


JustLogin ဆိုတာကတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ လစာပေးတာ၊ ခွင့်ရက်ယူတာ၊ ရုံးတက်ရောက်ကြောင်းမှတ်ထားတာ၊ ကုန်ကျစရိတ်တွေနဲ့ အကျိုးရလာဒ်စီမံခန့်ခွဲတာတွေ ကို အလိုအလျောက် ပြုလုပ်စီမံပေးနိုင်တဲ့ Cloud-based HR Software တွေပေါင်းစည်းထားတဲ့ နေရာပဲ ဖြစ်ပါတယ်။ ရုံးမှာပဲအလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ခုမှာ လုပ်တာပဲဖြစ်ဖြစ်၊ အရောင်းဆိုင်တစ်ဆိုင်ဖြစ်ဖြစ်၊ ဂိုဒေါင်တစ်ခုမှာ ဒါမှမဟုတ် အိမ်ကအလုပ်လုပ်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ထောင်ပေါင်းများစွာသောလုပ်ငန်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံတွေ အများကြီးတိုးတက်လာဖို့အတွက် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ justlogin.com/free-trial ကနေ ဒီနေ့ပဲဝင်ရောက်ပြီး JustLogin ကိုစမ်းသုံးကြည့်လိုက်ပါ။

 
 
 

Comments


bottom of page