လုပ်ငန်းစွမ်းဆောင်ရည်ကို ငွေဖြင့်မဟုတ်ဘဲ အခြား နည်းလမ်းများ ဖြင့် ချီးမြှင့်ခြင်း
- Yi Ting
- May 13, 2020
- 2 min read

ငွေကြေးဥစ္စာတွေက ကျွန်တော်တို့ကို စိတ်ခွန်အားမြှင့်တင်ပေးနိုင်တယ်လို့ပြောရင် ဘယ်သူမှတော့ ငြင်းမှာမဟုတ်ပါဘူး။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့တွေ လုပ်ငန်းခွင်တွေဝင်နေကြတာပါ။ အသက်ရှင်ရပ်တည်ဖို့၊ စည်းစိမ်ခံစားနိုင်ဖို့နဲ့ အပန်းဖြေဖို့ အတွက်က ဝင်ငွေရှိနေဖို့ လိုအပ်ပါတယ်။ ဒီမှာပြောပြထားသလိုပဲ ငွေကြေးတွေက ဝန်ထမ်းတွေကို ပိုပြီးအလုပ်ကြိုးစားစေဖို့ အတွက် ဖြစ်တယ်လို့ပြောရင် ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ပြောလို့ရပါတယ်။ သူတို့ကိုငွေတွေပေးနေတာ ဒါမှမဟုတ် TV အသစ် တစ်လုံးဝယ်တာတွေက သူတို့အနေနဲ့စိတ်သက်သာရရစေတဲ့ အာမခံချက်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လုပ်ပုံ ကိုင်ပုံတွေ ပိုကောင်းလာအောင်တွန်းအားပေးဖို့အတွက်ကတော့ ငွေကြေးက တွန်းအားမပေးနိုင်ပါဘူး။
ငွေကြေးဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် လုပ်ငန်းလုပ်ပုံကိုင်ပုံ ဒါမှမဟုတ် စွမ်းဆောင်ရည်တွေအတွက်ကတော့ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာကို သုတေသတတွေကလည်း ဖော်ပြပေးနေပါတယ်။ ဥပမာအနေနဲ့ ပြောရရင် International Journal of Business Management က ငွေကြေးနဲ့ပက်သက်ပြီးပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ သူတို့ရဲ့စူးစမ်းလေ့လာချက်အရ ငွေကြေးကိုအသုံးပြုပြီး မက်လုံးပေးတာတွေက တစ်ကယ်ကိုစိတ်ခွန်အားမြင့်တက်လာစေပါတယ်။
… ဒါပေမယ့် ငွေကြေးပေးတာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းလုပ်ပုံကိုင်ပုံက ဘယ်လိုမှမဆက်စပ်ပါဘူး။
ဒါဟာ အသေးစားလုပ်ငန်းပဲဖြစ်ဖြစ် အကြီးစားလုပ်ငန်းပဲဖြစ်ဖြစ် သူတို့အတွက်တော့ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစားလုပ်ငန်းတွေအတွက်ကတော့ အောင်ပွဲခံနိုင်ဖို့ အကြောင်းအရင်းခိုင်ခိုင်မာမာရှိပြီးသားပါ။ ဝန်ထမ်းတွေကို မက်လုံးတွေ ပေးပြီးတော့ သူတို့တတ်နိုင်တာထက်ပိုပြီးတော့ ပေးစရာမလိုတော့လို့ပါပဲ။
နောက်ထပ်စဉ်းစားရမယ့် အရေးကြီးတဲ့အချက် တစ်ချက်ကတော့ ငွေကြေးဆိုတာ ခဏတာပါပဲ။ ငွေသားဆုတစ်ခုခုကို အမှန်တစ်ကယ်ချီးမြှင့်ခံလိုက်ရတဲ့သူတစ်ဦးဟာ ဆုဟာအမှန်တစ်ကယ်တန်ဖိုးရှိတယ်လို့ ခံစားရပြီးတော့ ဒီငွေသားတွေကို ဖြုန်းတီးပစ်လိုက်တာနဲ့ ဒီအောင်မြင်မှုဟာလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီလိုဆိုရင် ငွေကြေးက လုပ်ပုံကိုင်ပုံတွေတိုးတက်လာစေဖို့အတွက် အဓိကကျတဲ့ မက်လုံးပေးစရာတစ်ခုမဟုတ်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ ဆိုပြီးတော့ မေးခွန်းမေးစရာရှိလာပါပြီ။ ယုံချင်ယုံမယုံချင်နေပါပဲ အကောင်းဆုံးဆုတစ်ချို့ဟာ တစ်ကယ်ကို ဈေးမကြီးပါဘူး (ဒါမှမဟုတ် အလကားလဲ ဖြစ်နေနိုင်ပါတယ်။) ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ လုပ်ဆောင်နိုင်စွမ်းတွေ ထက်ကို အများကြီးပိုပြီး အကျိုးခံစားရစေမှာပါ။
ဝန်ထမ်းလျှော့ဈေးချခြင်း
ငွေကြေးစုဆောင်းဖို့ဆိုတာ အားလုံးရဲ့စိတ်ထဲမှာ ရှေ့ဆုံးကနေရာယူထားတဲ့ အရာပါ။ ဒါကြောင့် ဝန်ထမ်းတွေကို ဒီလိုအခွင့်အရေးမျိုးပေးတာက သူတို့ကိုကောင်းကောင်းအလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ Business News Daily ရဲ့ Sammi Caramela က ဖျော်ဖြေရေး၊ စားသောက်ဆိုင်၊ အီလက်ထရောနစ်၊ စာရင်းသွင်းခြင်း၊ ဖက်ရှင်ဆက်စပ်ပစ္စည်းတွေနဲ့ ရုံးသုံးပစ္စည်း ကိရိယာတွေ စတဲ့အရာတွေဟာ အများဆုံးပေးကမ်းသင့်တဲ့ အရာတွေလို့ ရှင်းပြခဲ့ပါတယ်။ သူက ဒီလို Program တွေကို အကောင်းဆုံးအကျိုးသက်ရောက်မှုတွေရှိအောင်လို့ အလွယ်တကူပဲ အသုံးပြုဖို့လိုတယ်လို့ သတိပေးခဲ့ပါတယ်။ ဥပမာအနေနဲ့ ကုမ္ပဏီနာမည်နဲ့ ဝန်ထမ်းနာမည်ထည့်ထားတဲ့ သာမန်လျှော့ဈေးကဒ်လေးက ဒီလိုလုပ်ဆောင်ချက်တွေအတွက် လွယ်လွယ်ကူကူနဲ့ ထိရောက်စေမှာ ဖြစ်ပါတယ်။
အသေးစားလုပ်ငန်းတွေအတွက်ကတော့ ဝန်ထမ်းလျှော့ဈေးသတ်မှတ်ပေးတာက အတော်လေးအကျိုးရှိစေမှာ ဖြစ်ပါတယ်။ အခြားကုမ္ပဏီကြီးတွေနဲ့ အပေးအယူလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကူပွန်တွေ၊ လက်ဆောင်ဘောင်ချာတွေနဲ့ အလွယ်တကူ ပြုလုပ်ပေးနိုင်ပါတယ်။
အားလပ်ချိန်
အားလပ်ချိန်ပေးတယ်ဆိုတာ ဝန်ထမ်းတွေအလုပ်ကြိုးစားတာကို အသိအမှတ်ပြုပြီး ဆုလာဒ်အဖြစ် ပြန်ချီးမြှင့်တာ ဖြစ်ပါတယ်။ အလုပ်ကနေ အနားယူဖို့အချိန်ရတာတင်မဟုတ်ပါဘူး အလုပ်ပြန်လုပ်ရတဲ့အခါမှာလည်း အားလပ်ချိန်ရဲ့ အကျိုးတွေကိုလည်း ခံစားရတာ ဖြစ်ပါတယ်။ Forbes ရဲ့ Tanya Mohn ပြောကြားချက်အရ အားလပ်ချိန်ပေးခြင်းအားဖြင့်
…အလုပ်တွေပိုပြီးလုပ်ကိုင်နိုင်မယ်၊ လုပ်ငန်းခွင်မှာလည်း စိတ်ဓာတ်ရေးရာပိုကောင်းမွန်နေမယ်၊ ဝန်ထမ်းအင်အား တောင့်တင်း ပြီးတော့ သိသာထင်ရှားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။
JustLogin မှာတော့ တစ်နှစ်ပတ်လုံးခွင့်မယူတဲ့ ဝန်ထမ်းအတွက် အပိုခွင့်ရက်တွေပေးသွားမယ့် အခွင့်အရေးတွေကိုပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဝန်ထမ်းတွေအတွက် ဆုလာဒ်တစ်ခုဖြစ်ပြီးတော့ ကျန်းမာတဲ့လူနေမှုပုံစံကို ထိန်းသိမ်းနိုင်မယ့် ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုစနစ်မျိုးက ဝန်ထမ်းတွေကို ဆုချီးမြှင့်ပေးတာတစ်ခုထဲတင်မကပါဘူး ခုမှစတင်တဲ့ လုပ်ငန်းတွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ သေချာထိန်းသိမ်းထားပြီးတော့ ကျန်းမာတက်ကြွတဲ့လုပ်သားအင်အားတွေပါဝင်ပြီး အလုပ်လုပ်ဆောင်မှုအား ပိုမိုကောင်းမွန်ဖို့အတွက် အခြေခံကျတဲ့ နည်းလမ်းတွေလို့တောင် ဆိုနိုင်ပါတယ်။
အချင်းချင်းလေးစား အသိအမှတ်ပြုခြင်း
လူမှုရေးတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ကျွန်တော်တို့ဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ Mission တွေ၊ Vission တွေနဲ့ Goal တွေရရှိအောင်မြင့်တင်ဖို့ ဘယ်လို ကူညီခဲ့တယ်ဆိုတာကို သိစေချင်ကြတာပါ။ ဒါဟာ မက်လုံးတစ်ခုဆိုတာတင်မကပါဘူး တန်ဖိုးထားမှု၊ လူမှုကျင့်ဝတ်နားလည်မှုနဲ့ လုပ်ဆောင်သင့်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။
ဂုဏ်ယူပါတယ်လို့ ပြောလို့တဲ့သာမန်စကားတစ်လုံးဟာ လေးနက်မှုအပြည့်ရှိပါတယ်။ ပြောရရင် Supervisor တစ်ယောက်ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုဖို့ ရွေးချယ်စရာတွေအများကြီးရှိနေပေမယ့် အစည်းအဝေးမတိုင်ခင် အချိန်ယူလေ့လာ စဉ်းစားသင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုကို ချီးကျုးပြီးအသိအမှတ်ပြုပေးတာ ဒါမှမဟုတ် သူ့ရဲ့ကြိုးစားမှုကြောင့် Office Party တစ်ခုစီစဉ်ကျင်းပပေးတာတွေက အလုပ်လုပ်ဆောင်မှုတွေကို မြင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ဝန်ဆောင်မှုများပေးခြင်း
ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေအပေါ်အသိအမှတ်ပြုပေးနိုင်တဲ့ နောက်ထပ်အကုန်အကျနည်းတဲ့ နည်းလမ်းကတော့ ဝန်ဆောင်မှုတွေ ပေးခြင်းပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ ဘယ်လိုပဲအကြိမ်ကြိမ်ပြုလုပ်ပြုလုပ် သာမန်နေ့စဉ်တာဝန်တွေနဲ့ ပြည့်နက်နေပါတယ်။ ဒီလိုအရာတွေဟာ ကျွန်တော်တို့ရဲ့ အချိန်ကော ငွေကော ကုန်စေပါတယ်။ နေ့ကလေးထိန်းခြင်းတွေ၊ သန့်ရှင်းရေး ဒါမှမဟုတ် အဝတ်လျှော်ဝန်ဆောင်မှု စတဲ့ ဝတ္တရားတွေက လူမှုဘဝရဲ့ အဓိကကျတဲ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့လည်း ငွေကြေးဝန်ထုပ်ဝန်ပိုးတွကို လျှော့ချဖို့အတွက် ဒီလိုဝန်ဆောင်မှုတွေကို ပြုလုပ်ပေးတာ ဒါမှမဟုတ် ထောက်ပံ့ပေးတာတွေက ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးရာ ရောက်ပါတယ်။
လက်ဆောင်များပေးခြင်း
ကျွန်တော်တို့အပေါ်မှာ ငွေကြေးနဲ့ပက်သက်ပြီး ဆုလက်ဆောင်တွေပေးတာက အကျိုးသက်ရောက်မှုမရှိဘူးလို့ ပြောခဲ့ပြီးပါပြီ ဝန်ထမ်းတွေကိုမက်လုံးတွေပေးဖို့အတွက် လက်ဆောင်တွေဝယ်ယူတာက အပြန်အလှန်အားဖြင့်တော့ သက်ရောက်မှုရှိတယ်လို့ ထင်ပါတယ်။ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုအသိအမှတ်ပြုဖို့အတွက် လက်ဆောင်တွေကို ငွေသားနဲ့မဟုတ်ဘဲ ပေးကမ်းတာက တော်တော်လေးကွဲပြားပါတယ်။ အဓိကကတော့ လက်ဆောင်တွေကို ကိုယ်တိုင်ပြုလုပ်နိုင်ရပါမယ်။
အလုပ်မှာ ဒီလိုတွေလုပ်ဆောင်ပေးနိုင်ဖို့အတွက် ဝန်ထမ်းတစ်ယောက်ခြင်းစီရဲ့ စိတ်ဝင်စားတဲ့အရာ၊ ကြိုက်တာ မကြိုက်တာ အစရှိတာတွေကိုတော့ သိထားဖို့လိုပါတယ်။ လက်တစ်ဆုပ်စာဝန်ထမ်းပဲရှိတဲ့ အသေးစားလုပ်ငန်းဆိုရင်တော့ ဒီလိုလုပ်ဖို့ အဆင်ပြေမှာပါ။
ဥပမာအနေနဲ့ ဝန်ထမ်းအနေနဲ့ အစားအသောက်အသစ်တွေကို စမ်းပြီးတော့စားသောက်ချင်တယ်ဆိုရင် သူတို့အတွက် လက်ဆောင် တစ်ခု အနေနဲ့ တစ်ခြားစားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်ပြီးတော့ကျွေးတာ ဒါမှမဟုတ် ဒီဝန်ထမ်းက ရုပ်ရှင်ကြည့်တာကို သဘောကျတယ်ဆိုရင် ရုပ်ရှင်လက်မှတ်တွေက သူတို့အတွက်တော့ အကောင်းဆုံးဖြစ်မှာပါ။
တစ်ချို့ဝန်ထမ်းတွေကတော့ အခြားသူတွေကို ကူညီရတာကိုစိတ်ဝင်စားကြပါတယ်။ ဒီလိုဆိုရင်တော့ သူတို့ရွေးချယ်တဲ့ တစ်နေရာရာမှာ ဝန်ထမ်းရဲ့နာမည်နဲ့ အလှူအတန်းလုပ်ဖို့အတွက် အခွင့်အရေးပေးတာ ကောင်းပါတယ်။ ဒါကလည်း သူတို့ရဲ့ အောင်မြင်မှု အတွက် ပြုလုပ်သင့်တဲ့အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
လက်ဆောင်တွေဟာ ဈေးကြီးစရာမလိုပါဘူး။ ပစ္စည်းပေါ်မူတည်ပြီးတော့ ၂၅ဒေါ်လာကနေ ဒေါ်လာ ၅၀ အသုံးပြုတာကတောင် များနေပါပြီ။ လက်ဆောင်တစ်ခုပေးရခြင်းရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်ငွေကြေးတန်ဖိုးက အရေးမကြီးတော့ ပါဘူး။
ဘာအနှောင်အဖွဲ့မှမပါဘဲ သုတေသနလုပ်ထားတာဖြစ်ဖြစ် သာမာန်ရရှိလာတဲ့ အတွေ့အကြုံတွေကနေပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေမှာ မက်လုံးပေးနေရတဲ့ နေရက်တွေဆိုတာ အဆုံးသတ်သွားပြီဆိုတာကို သတိထားမိဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်စရာအဖြစ် ဝန်ထမ်းတွေကိုဆုချီးမြှင့်ပေးနိုင်တဲ့ ရာနဲ့ချီတဲ့နည်းလမ်းတွေအများကြီး ရှိနေပါပြီ။ မက်လုံးပေးတဲ့အမူအကျင့်တွေနဲ့ပဲ ချီးမွန်းတာကိုဖော်ပြပြီး လုပ်ငန်းကိုဆက်လည်ပတ်သွားမယ်ဆိုရင်တော့ ဆုချီးမြှင့်တယ်ဆိုတဲ့ အဓိပ္ပာယ်က လုံးဝကို လွဲမှားသွားမှာ ဖြစ်ပါတယ်။
Comments