top of page

ဒီဂျစ်တယ်လုပ်ငန်းခွင်ရှိ ဝန်ထမ်းများအတွက် စစ်ဆေးမှုများ


ကွင်းဆင်းလေ့လာပြီးတော့ စီမံခန့်ခွဲခြင်း (MBWA) ဆိုတာကတော့ Tom Peters ရဲ့ ၁၉၈၂ ခုနှစ်က စာအုပ်လေးဖြစ်တဲ့ “In Search of Excellence” ဆိုတဲ့ စာအုပ်ထဲမှာ ပြောထားတာ ဖြစ်ပါတယ်။ Peters ရဲ့ လေ့လာတွေ့ရှိချက်အရတော့ အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဟာ “လုပ်ငန်းခွင်ကို ကွင်းဆင်း လေ့လာကြည့်ပါတယ်” လို့ပြောထားပါတယ်။ သူတို့အနေနဲ့ သမရိုးကျ မဟုတ်တဲ့ အခြေခံနည်းလမ်းလေးတွေနဲ့ မကြာမကြာ ပြုလုပ်လေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ဝန်ထမ်းတွေက သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်ဖို့အတွက် အချိန်နဲ့အမျှအထောက်အပံ့တွေ ရရှိခဲ့ပါတယ်။


တကယ့်လုပ်ငန်းခွင့်မျိုးမှာတော့ စစ်ဆေးမှုတွေက ဘယ်လိုဘယ်ပုံမျိုးနဲ့ ဘယ်အချိန်မျိုးမှာ အလုပ်လုပ်တယ် ဆိုတာကိုတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ မန်နေဂျာတစ်ယောက်ဟာ ပြဿနာဖြစ်လာနိုင်ချေများတဲ့ ကိစ္စရပ်တွေမှာလည်း ကြားဝင် ဖြေရှင်းပေးနိုင်ရပါမယ်။ ဒါမှမဟုတ်ရင်လည်း အကူအညီလိုအပ်နေတဲ့ ဝန်ထမ်း တစ်ယောက်ဟာ အလုပ်ရှုပ်နေတဲ့ မန်နေဂျာ တစ်ယောက်ကို အကူအညီတောင်းဖို့အတွက် အချိန်ကောင်း အခါကောင်းကို သိထားသင့်ပါတယ်။


ဒါပေမယ့် ဒီဂျစ်တယ်လုပ်ငန်းခွင်လိုမျိုး ဒီလိုအခြေအနေမျိုးက တစ်ယောက်နဲ့တစ်ယောက် အဝေးတစ်နေရာစီ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ HR ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုကော ဘယ်လိုမျိုး ရယူနိုင်မလဲ။


ကူးစက်ပြန့်ပွားမှုနှင့်ပက်သက်ပြီး ဝန်ထမ်းများ စစ်ဆေးမှုနှင့် ဆက်စပ်သည့် အပြောင်းအလဲများ

၂၀၂၀ ခုနှစ်က လျှင်လျှင်မြန်မြန်ပဲကုန်ဆုံးခဲ့ပြီးတော့ အားလုံးအားထားနေကြတဲ့ စစ်ဆေးမှုပြုလုပ်တဲ့ အချက်ကလည်း အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါတင်မကသေးပါဘူး အခုအချိန်မှာတော့ ဒီလိုကိစ္စလေးတွေက များပြားလှတဲ့ တာဝန်တစ်ခု ထက်ပိုတဲ့ စီမံခန့်ခွဲမှုတွေဆိုတာကို နားလည်နေကြပြီ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို စစ်ဆေးနေမှုက ဝန်ထမ်းတွေရဲ့ အဆင်ပြေ ကောင်းမွန် နေတာမျိုးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ကုမ္ပဏီရဲ့လုပ်ရိုးလုပ်စဉ်တွေကိုလည်း ပိုပြီးသက်ရောက်မှုရှိအောင် ကူညီပေးပြီးတော့ ပိုပြီးကောင်းမွန်တဲ့ လူမှုဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖွဲ့စည်းတာလို့ ပြောရင်လည်း မမှားပါဘူး။


အဝေးတစ်နေရာကနေ ရွေ့ပြောင်းလုပ်ကိုင်တဲ့ပုံစံကို ပြောင်းလဲလိုက်တာက အဖွဲ့အစည်းတွေအတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီလိုအလုပ်လုပ်တဲ့ ပုံစံတွေကို ကောင်းကောင်းအခြေချထားနိုင်တဲ့ အဖွဲ့အစည်းတွေတောင်မှ လပိုင်းလောက် ကြာတဲ့အခါ ဝန်ထမ်းတွေအတွက် စိတ်ဖိစီးမှုများလာတာတွေနဲ့ စိတ်နဲ့လူနဲ့ မကပ်တဲ့ ပြဿနာမျိုးတွေကို ရင်ဆိုင် ကြရပါတယ်။ မျက်နှာချင်းမြင်ရပြီး အစည်းအဝေးတွေ လုပ်နိုင်တဲ့ Zoom လိုမျိုး Software တွေတောင်မှ လိုအပ်ချက်တွေ အားလုံးကို မဖြည့်စည်းပေးနိုင်ပါဘူး။ အလွတ်သဘော စစ်ဆေးချက်တွေမှာတော့ လက်ငင်းအကျိုးတွေ၊ သီးသန့်ဖြစ်မှုတွေ၊ သဘာဝကျ သက်ဝင်မှု တွေနဲ့ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးရှိတာတွေ စတဲ့အကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။


ဒါဆိုရင် ဒီလိုမျိုး ဒီဂျစ်တယ်လုပ်ငန်းခွင်အသစ်မှာကော ဝန်ထမ်းတွေအပေါ် စစ်ဆေးမှုကို ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်နိုင်မလဲ။ အထူးသဖြင့် အနာဂတ်ကာလမှာ ဖြစ်တည်လာနိုင်မယ့် အခုလိုအဝေးတစ်နေရာကနေ လုပ်ကိုင်ရမယ့် လုပ်ငန်းခွင်မျိုးအတွက် ဒါမှမဟုတ် ပုံစံအဟောင်းနဲ့ ပုံစံအသစ်ကြား ပေါင်းစပ်ထားတဲ့ လုပ်ငန်းခွင်ပုံစံမျိုးမှာပေါ့။ ဒီလိုလုပ်ငန်းခွင်မျိုးအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်တာကတော့ အခုလိုအချက်အလက်တွေပါဝင်တဲ့ ဘက်စုံချည်းကပ်မှု ပုံစံမျိုးပဲ ဖြစ်ပါတယ်။


စစ်ဆေးရန်ကြိုတင်စီစဉ်ထားခြင်း

သေချာအစီအစဉ်ချထားတဲ့ စစ်ဆေးမှုတွေက ကိုယ့်လုပ်ငန်းက အဖွဲ့ဝင်တွေနဲ့ ပုံမှန်ထိတွေ့မှုရှိနေနိုင်မယ့် အကျိုးခံစားခွင့်တွေ ရနေမှာ ဖြစ်ပါတယ်။ အဝေးတစ်နေရာကနေ အလုပ်လုပ်ရမယ့် ပတ်ဝန်းကျင်မျိုးမှာ “MBWA လုပ်ငန်းစဉ်အသစ်” လို့တောင်မှ တင်စားခေါ်ဝေါ်လို့ ရနိုင်မှာပါ။ ဒီလိုလုပ်ဆောင်ချက်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် သူတို့မှာ သတ်မှတ်ချက်တွေနဲ့ သေချာတဲ့ ပုံစံမျိုးတွေ တသမတ်တည်းရှိသင့်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့မေးခွန်း တွေနဲ့ ဝန်ထမ်းတွေရဲ့ တုန့်ပြန်မှုတွေ အတွက် အချိန်ကို ကြိုတင် သတ်မှတ်ထားနိုင်တဲ့ အလိုအလျောက်လုပ်ဆောင်ချက်မျိုးကိုလည်း ပေါင်းထည့်ထားသင့်ပါတယ်။


ဒီလိုလုပ်ဆောင်ချက်မျိုးကို ဝန်ထမ်းတွေအတွက် လွတ်လွတ်လပ်လပ် သတ်မှတ်စေချင် ပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ လုပ်နေတာမျိုး မဖြစ်အောင်လည်း သတိထားဖို့ လိုအပ်ပါတယ်။ စစ်ဆေးမှုတွေအတွက် ကြိုပြင်ဆင် ထားဖို့ အမြဲလိုပြီးတော့ လုပ်ဆောင်ချက်တိုင်းကိုလည်း မှတ်သားထားဖို့ လိုအပ်ပါတယ်။ ပြီးသွားခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေက အကြောင်းအရာတွေကို သတိမရတာတွေက ဒီလို အစည်းအဝေးတွေရဲ့ ရည်ရွယ်ချက်ကို ထိခိုက်သွားစေနိုင်ပါတယ်။


ကြိုတင်စီစဉ်ထားတဲ့ စစ်ဆေးချက်တွေက ရှေ့ဆက်လုပ်ဆောင်ချက်တွေ တိုင်ပင်တာ၊ အဖွဲ့ရဲ့လုပ်ဆောင်ချက် တိုးတက်လာတာ၊ သင်ကြားမှုအပိုင်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက် လမ်းကြောင်းတွေကို ပြန်ပြီးတော့လည်း ထိန်းညှိပေးနိုင်တာ စတဲ့ လုပ်ဆောင်ချက် တော်တော်များများကို ပြုလုပ်ပေးနိုင်ပါတယ်။ JustLogin ကနေအသုံးပြုလို့ရတဲ့ Cloud-based Clocking System တွေနဲ့လည်း ဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ အချိန်တွေကို မှတ်သားထားနိုင်ပါတယ်။ Cloud-based အသုံးပြုထားတဲ့ မျှော်မှန်းချက် စစ်ဆေးတိုင်းတာ တာနဲ့ Software Application တွေထဲက တစ်ခုကို အသုံးချတယ်လို့ပဲ တွေးကြည့်လိုက်ပါ။ ဒီနည်းလမ်းနဲ့ လုပ်ငန်းမျှော်မှန်းချက်တွေကို သေသေချာချာလေး ခွဲခြားနိုင်မယ်၊ မှတ်တမ်းတင်နိုင်မယ်၊ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် အဆင်ပြေစေတာနဲ့ ဝန်ထမ်းတွေအပေါ် သက်ရောက်နိုင်တဲ့ ပြင်ပအကြောင်းအရာတွေနဲ့ ပက်သက်ပြီး တော့လည်း မေးမြန်းနိုင်ပါတယ်။ ဝန်ထမ်းတွေကို အဝေးတစ်နေရာ ကနေ စီမံအုပ်ချုပ်မှုနဲ့ ပက်သက်တဲ့ နည်းလမ်းလေးတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။


ဝန်ထမ်းများအား စတင်စစ်ဆေးခြင်:

ဝန်ထမ်းတွေအတွက် စစ်ဆေးတာတွေစလုပ်တာမျိုးက ခြိမ်းခြောက်တာတွေလည်း ဖြစ်နေနိုင်ပါတယ်။ အဝေးကနေအလုပ်လုပ်တဲ့ လုပ်ငန်းခွင်မျိုးမှာ သူတို့ရဲ့ မန်နေဂျာဆီ အချိန်ကြိုပြောတာ မျိုးတွေကိုတော့ လွယ်လွယ်နဲ့ ရနိုင်မှာ မဟုတ်ပါဘူ။


ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားတာက ပိုပြီးလွယ်ကူချောမွေ့နေစေမှာပါ။ အဖွဲ့ဝင်တွေအနေနဲ့ မိတ်ဆွေရဲ့ အာရုံစိုက်မှုကိုရဖို့အတွက် သီးသန့်ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တောင်းခံ နိုင်တယ် ဆိုတာကို သိထားပြီးဖြစ်ပါတယ်။ အချိန်လည်း မတူညီတဲ့ နေရာတစ်နေရာစီမှာ အလုပ်လုပ်နေကြတယ် ဆိုရင်တော့ အားလုံးအတွက်အဆင်ပြေတဲ့ အချိန်တစ်ခု ဖြစ်နေအောင် လုပ်ဖို့လိုအပ်ပါတယ်။


ဒီလိုလုပ်ငန်းစတင်တဲ့အချိန်မှာ အဖွဲ့ဝင်တွေကို အဆင်ပြေနေတယ်ဆိုတာကို တက်တက်ကြွကြွနဲ့သတိပေးပါ။ အလုပ်လုပ်တာနဲ့ ပက်သက်ပြီးတော့ သိသိသာသာနှုတ်ပိတ်နေတဲ့သူကို တစ်ယောက်ချင်းတွေ့ပြီးတော့ ဆက်သွယ်ပါ။ သူတို့ဘက်က ဘာမှသိချင် မေးချင်စိတ်မရှိဘူးဆိုရင်တောင်မှ မိတ်ဆွေရဲ့ သူတို့အတွက် အချိန်ပေးစဉ်းစားပေးတယ်ဆိုတဲ့ အချက်ကို သူတို့သိသွားတာနဲ့တင် လုံလောက်ပါပြီ။ နောက်ပြီး အကူအညီတောင်းဖို့အတွက် မဟုတ်ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစားနဲ့ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်တဲ့ သူကိုလည်း သိထားဖို့ လိုအပ်ပါတယ်။


အချင်းချင်းပြန်လည်စစ်ဆေးခြင်း

အချင်းချင်းပြန်လည်စစ်ဆေးတဲ့ peer-to-peer (P2P) နည်းလမ်းနဲ့လည်း ပြုလုပ်သင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေအကြား လွတ်လွတ်လပ်လပ် စကားပြောရတာကလည်း အဝေးတစ်နေရာစီ အလုပ်လုပ်နေရတယ် ဆိုတာကို မေ့ပျောက်စေနိုင်ပါတယ်။ အချို့သော Software Platform တွေဟာ ကျပန်းသဘောနဲ့ peer-to-peer စစ်ဆေးတဲ့နည်းလမ်းကို ထောက်ပံ့ပေးထားပါတယ်။ Slack’s RandomCoffee လုပ်ဆောင်ချက်တွေဟာဆိုရင်လည်း အသုံးပြုသူတွေကို “Coffee Dates” ပုံစံမျိုးနဲ့ တွဲပေးတာမျိုးတွေ ရှိပါတယ်။


လုပ်ကိုင်နေရတဲ့ တာဝန်မတူတဲ့သူတွေကို စုပြီး စစ်ဆေးခိုင်းလိုက်တာမျိုးကလည်း လုပ်ငန်းကို အဆင်ပြေပြေနဲ့ ပြန်လည် လည်ပတ်စေနိုင်တဲ့ သက်ရောက်မှုတစ်ခု ဖြစ်နေပါသေးတယ်။ ဒီလိုလူမျိုးတွေနဲ့ဆိုရင်တော့ မတူညီတဲ့ အမြင်သဘောထား တွေနဲ့ အသိတွေ ဗဟုသုတတွေကို မျှဝေသွားနိုင်မှာ ဖြစ်ပါတယ်။ စကားပြောဆိုရ အဆင်ပြေပြီးတော့ အလုပ်အတူတူတွဲလုပ်ဖို့အတွက် ပိုပြီးတော့ကောင်းမှာ ဖြစ်ပါတယ်။ သူ့တို့အနေနဲ့ သူတို့ထက် ရာထူးကြီးတဲ့သူတွေ ပါဝင်ခန့်ခွဲလာနိုင်တဲ့ အခြေအနေမျိုးကိုလည်း ရှောင်ရှားတတ်ကြပါတယ်။


သီးသန့်ဖြစ်တဲ့ မီဒီယာရွေးချယ်မှု

ဒီဂျစ်တယ် မီဒီယာတွေကို အသုံးပြုပြီးတော့ စစ်ဆေးတာမျိုးကလည်း ဝန်ထမ်းတွေရဲ့ သီးသန့်နေခွင့် ရှိမရှိကို ထိခိုက်စေနိုင်ပါတယ်။ ဒါကလည်း လူချင်းမတွေ့ရဘဲ အဆက်အသွယ်မရှိတာမျိုးကြောင့် အခုလိုဖြစ်လာရတာလို့ ပြောလို့ ရပါတယ်။ အသံသွင်းယူထားတာတွေ အသုံးပြုထားတာတွေနဲ့ ပက်သက်ပြီဲးတော့လည်း စည်းမျဉ်းတွေ သတ်မှတ်ထားသင့် ပါတယ်။ ဖြစ်နိုင်ချေရှိပြီးတော့ သင့်လျော်တဲ့ မီဒီယာကို ဝန်ထမ်းတွေအတွက် ရွေးချယ်ထားပေးသင့်ပါတယ်။ တစ်ချို့ ဝန်ထမ်းတွေ ကတော့ မျက်နှာမြင်ရပြီး ဆက်သွယ်စကားပြောတာထက် တစ်ချို့ကျကတော့ အသံပဲကြားရတာမျိုးကို ပိုပြီးတော့ သဘောကျ ကြပါတယ်။


နိဂုံးချုပ်အတွေးများ

စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ ပက်သက်ပြီး လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို နည်းပညာအသုံးပြုပြီး ဖန်တီး ပေးလိုက်ပြီ ဖြစ်ပါတယ်။ စူးစမ်းလေ့လာချက်တွေအရ ဝန်ထမ်းတွေဟာ အဝေးကနေ အလုပ်လုပ်ကိုင်ရတာတွေနဲ့ ပက်သက်ပြီး လိုက်လျောညီထွေ ဖြစ်တာမျိုးကို တန်ဖိုးထားကြပါတယ်။ မိသားစုနဲ့အချိန်တွေ ကုန်ဆုံးနိုင်ဖို့ အချိန်ရတာမျိုးနဲ့ အိမ်ကနေ အလုပ်ကို သွားလာစရိတ်လျှော့ချနိုင်တာမျိုးကို တန်ဖိုးထားကြပါတယ်။


ဒါပေမယ့်လို့ အဝေးတစ်နေရာကနေ အလုပ်လုပ်နေရတယ်ဆိုတာကြီးကလည်း အထီးကျန်တာတွေ အဆက်အသွယ် ပြတ်နေတာတွေ စတဲ့ခံစားချက်တွေကိုတော့ ပေါ်လာစေနိုင်ပါတယ်။ ဒီခံစားချက်တွေကလည်း လုပ်ငန်းဆောင်ရွက်ပုံတွေအပေါ် သက်ရောက်မှု ရှိနေပြန်ပါတယ်။


ဝန်ထမ်းတွေအတွက် စိတ်နဲ့လူနဲ့ မကပ်တဲ့ ပြဿနာအတွက်လည်း ဝန်ထမ်းတွေကို ဆက်သွယ်တာတွေ စစ်ဆေးပေးတာတွေ လုပ်ဖို့ ဆွေးနွေးပြီးလည်း ဖြစ်ပါတယ်။ MBWA နည်းလမ်းဟောင်းတွေကို ထိထိရောက်ရောက်နဲ့ ပုံစံတူပွားပြီးတော့ လုပ်နိုင်ပါတယ်။ ဝန်ထမ်းတွေနဲ့ ပက်သက်တဲ့ နောက်ထပ်အတွေးတွေ နည်းလမ်းတွေကို သိချင်သေးတယ်ဆိုရင်တော့ ဒီဆောင်းပါး လေးကိုသွားရောက် ဖတ်နိုင်ပါတယ်။


JustLogin နှင့်အတူ Cloud-based HR ကို စတင်လိုက်ပါ


JustLogin ဟာ Cloud based HR application တခုဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ လစာပေးစနစ်တွေခွင့်ရုံးတက်စာရင်းအသုံးစရိတ်နှင့် အကျိုးခံစားခွင့်တွေကို စီမံခန့်ခွဲရာမှာ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထောင်ချီတဲ့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားပိုမိုမြင့်မားလာအောင် သူတို့ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာအောင် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရုံးတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ လက်လီဆိုင်တစ်ခု၊ ဂိုထောင်တစ်ခုမှာ အလုပ်လုပ်နေရရင်လည်း ကိစ္စမရှိပါဘူး အိမ်ကနေ အလုပ်လုပ်နေရရင်တောင်မှ ကိစ္စမရှိတော့ပါဘူး။ JustLogin ကို ဒီနေ့ပဲ http://mm.justlogin.com/my/free-trial/ မှာ စမ်းသုံးကြည့်လိုက်ပါ။

 
 
 

Comments


bottom of page